တရုတ်အိမ်ခြံမြေလုပ်ငန်းရှင်များ ဖရဲသီးကို ငွေပေးချေမှုအဖြစ် လက်ခံ

တရုတ်အိမ်ခြံမြေလုပ်ငန်းရှင်များ ဖရဲသီးကို ငွေပေးချေမှုအဖြစ် လက်ခံ

တရုတ်အိမ်ခြံမြေကဏ္ဍတွင် စီးပွားရေးအလွန်ကျဆင်းမှုကြောင့် အိမ်ဝယ်သူများကို ဆွဲဆောင်ရန် ထူးထူးခြား ခြား ဈေးကွက်ရှာဖွေရေး မဟာဗျူဟာတစ်ရပ်ကိုဖန်တီးရေးအိမ်ခြံမြေကုမ္ပဏီများကို တွန်းအားပေးလျက်ရှိသည်။

ဖရဲသီးနှင့် အခြားလယ်ယာထွက်ကုန်များကို အိမ်များအတွက် ငွေပေးချေမှုအဖြစ် တရုတ် အိမ်ခြံမြေ လုပ်ငန်းရှင်များက စတင်လက်ခံနေပြီဖြစ်သည်။

''တရုတ်နိုင်ငံ၏ တတိယနှင့် စတုတ္ထအဆင့် မြို့ကြီးများတွင် အိမ်ခြံမြေပိုင်ရှင်များက အိမ်ဝယ်သူများကို ဂျုံနှင့် ကြက် သွန်ဖြူကို ငွေပေးချေမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေးချေရန် တိုက်တွန်းခြင်းအပါအဝင် အရောင်းမြှင့်တင်ရေး အစီအစဉ်များကို မကြာသေးမီက စတင်ခဲ့ပြီး လယ်သမားများကို ပိုလျှံနေသည့် အိမ်သစ်များကို ဝယ်ယူရန် ဆွဲဆောင်ခဲ့ကြောင်း” Global Times သတင်းတွင်ဖော်ပြထားသည်။

နန်ကျင်းရှိ အိမ်ခြံမြေကုမ္ပဏီတစ်ခုသည် အိမ်ဝယ်သူများအား ၎င်းတို့၏ အိမ်အတွက် ဖရဲသီးတစ်ကီလိုလျှင် ယွမ် ၂၀ နှုန်းဖြင့် ပေးချေနိုင်သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဌာနတစ်ခုက ထူးထူးခြားခြား အရောင်းမြှင့်တင်မှုအား ရုံးချုပ်မှ အမိန့်ပေးပြီးနောက် ဆိုင်းငံ့ထားကြောင်း ဆိုသည်။

'လူမှုမီဒီယာတွေကနေ အရောင်းမြှင့်တင်ရေးပိုစတာအားလုံးကို ဖျက်ဖို့ ကျွန်တော်တို့ကို အကြောင်းကြား လာပါတယ်' ဟု ကိုယ်စားလှယ်က ပြောကြားခဲ့ပြီး အခြား အရောင်းမြှင့်တင်ရေးပုံစံများကို ဒီဇိုင်းထုတ် လာနိုင်သည်ဟု ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ဇွန် ၂၈ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ပြုလုပ်မည့် အရောင်းမြှင့်တင်ရေးပွဲအတွက် ပိုစတာတစ်ခုတွင် အိမ်ခြံမြေ ကုမ္ပဏီက အိမ်ဝယ်သူများအား အမြင့်ဆုံးပေးချေမှုအဖြစ် ဖရဲသီး ကီလိုဂရမ် ၅,ဝဝဝ ကို ယွမ် ၁၀ဝ,ဝဝဝ တန်ကြေးဖြင့် အများဆုံးပေးချေနိုင်သည်ဟု ဖော်ပြထားပြီး အရောင်းမြှင့်တင်ရေးပွဲ၏ အဓိက ရည်ရွယ်ချက်မှာ ဒေသခံဖရဲစိုက်တောင်သူများအကျိုးအတွက်ဖြစ်ကြောင်း ဆိုထားသည်။ 

တရုတ်တွင် အိမ်ထောင်စုကြွေးမြီသည် အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံကျော်ရှိသည်။ တရုတ်ဘဏ်ချေးငွေ ၂၇ ရာခိုင်နှုန်းခန့်သည် အိမ်ခြံမြေနှင့် ဆက်စပ်နေကြောင်း ပညာရှင်အဖွဲ့ဖြစ်သော မူဝါဒ သုတေသနအဖွဲ့ (POREG) က အစီရင်ခံခဲ့သည်။

အထပ်မြင့်တိုက်များကဲ့သို့ပင် ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် တရုတ်အိမ်ရာဈေးကွက်ကို 'အမျိုးသားရေး ခြိမ်းခြောက်မှု' အဖြစ် ရှုမြင်ထားကြောင်း ပညာရှင်အဖွဲ့ကို ကိုးကား၍ New York Times က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly