မအူပင်မြို့တွင် ရဲဝန်ထမ်းဟောင်းနေအိမ် ဓားပြတိုက်ခံရ

မအူပင်မြို့တွင် ရဲဝန်ထမ်းဟောင်းနေအိမ် ဓားပြတိုက်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းက ရဲ

ဝန်ထမ်းဟောင်းတစ်ဦး၏နေအိမ် ဓားပြတိုက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

မအူပင်မြို့ အမှတ် (၇)ရပ်ကွက်၊ ခိုင်နှင်းဆီလမ်းနေ ရဲဒုတပ်ကြပ်ဟောင်း ကိုနောင်နောင်ထွန်း၏နေအိမ် ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"မျက်နှာဖုံးစွပ်တွေနဲ့ လူတွေက ညဘက်ဓားပြဝင်တိုက်သွားတာလို့ သိရတယ်။ဓားပြတွေမှာ သေနတ်တွေလည်း ပါတယ်လို့ပြောတယ်ဗျ၊ လက်ဝတ်လက်စားတွေနဲ့ ပိုက်ဆံ သိန်း ၅၀ လောက်ပါသွားတယ်လို့ သိရတယ်"ဟု ဒေသခံက ပြောသည်။

ဓားပြတိုက်ခံရသည့် ညပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ရဲများ

မအူပင်မြို့ပေါ်တွင် ကင်းလှည့်နေကြသည်ဟုသိရပြီး အဆိုပါဖြစ်စဥ်အား စစ်ကောင်စီက သတင်းဖုံးထားကြောင်း ဒေသခံများက ပြောသည်။

"ဓားပြတိုက်ခံရတဲ့ အချိန်မှာ စစ်သားနဲ့ရဲတွေ ကင်းလှည့်နေကြတယ်။ ဓားပြအတိုက်ခံရပြီး မိနစ်ပိုင်းလောက်မှ စစ်သား ၊ရဲနဲ့ ဒလန်တွေ ရောက်လာကြတာပါ။ပြီးတော့ မအူပင်က သွေးသောက်အဖွဲ့မှာ သေနတ်ရှိတယ်ဆိုတော့ ဒီကောင်တွေလုပ်တာလည်း ဖြစ်နိုင်တယ်"ဟု ဒေသခံကပြောသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့ ညပိုင်းက သွေးသောက်အဖွဲ့အမည်ခံများသည် မအူပင်မြို့ပေါ်ရှိ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး နေအိမ်အား ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့သေးသည်။

၎င်းအပြင် မေလ ၈ ရက်နေ့ ညပိုင်းတွင်လည်း အမှတ် (၉) ရပ်ကွက်၌ နေထိုင်သည့် ကိုဇော်ဝင်းမြင့်၏ နေအိမ်သို့ ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြကာ အရပ်ဝတ်ဖြင့် လက်နက်ကိုင်လူလေးဦးက သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းများ ၊NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး၏ နေအိမ်ရှေ့တွင် သေနတ်ပစ်ဖောက်ခြင်းများကို သွေးသောက်အဖွဲ့အမည်ခံများက ပြုလုပ်ခဲ့သေးသည်ဟု ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly