တရုတ်-ကနေဒါ စီးပွားရေးလုပ်ငန်းရှင်ကို တရုတ်နိုင်ငံတွင် ရုံးတင်စစ်ဆေး

တရုတ်-ကနေဒါ စီးပွားရေးလုပ်ငန်းရှင်ကို တရုတ်နိုင်ငံတွင် ရုံးတင်စစ်ဆေး

တရုတ်နိုင်ငံမှ ကနေဒါ-တရုတ်လုပ်ငန်းရှင် ရှောင်ကျန်းဟွာသည် ဟောင်ကောင်တွင် ပျောက်သွားပြီးနောက် ၅ နှစ်ကျော်အကြာ၌ တရုတ်နိုင်ငံတွင် ရုံးတင်စစ်ဆေးခံနေရကြောင်း ပေကျင်းမြို့ရှိ ကနေဒါသံရုံးက ထုတ်ပြန်သည်။

ကနေဒါနိုင်ငံသား ရှောင်ကျန်းဟွာ၏ အမှုကို ဇူလိုင် ၄ ရက်တွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း ကနေဒါသံရုံးက ထုတ်ပြန်ခဲ့ပြီး နေရာနှင့် စွဲချက်များကို အတိအကျမဖော်ပြပေ။

ပေကျင်းအခြေစိုက် Tomorrow Group တည်ထောင်သူ ရှောင်သည် တရုတ်နိုင်ငံတွင် မွေးဖွားခဲ့ပြီး တရုတ်နိုင်ငံ၏ ကွန်မြူနစ်ပါတီ (CCP)၏ အလွှာအဆင့်ဆင့်နှင့် ချိတ်ဆက်မှုရှိသည်ဟု လူသိများသည်။

သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် တရုတ်အစိုးရသည် အကျင့်ဖျက်ခြာစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုအဖြစ် စီးပွားရေးသမားများကို အဂတိလိုက်စားမှုနှင့် အခြားသော အကျင့်ပျက်ခြစားမှုများဖြင့် စွပ်စွဲနေစဉ် ရှောင်သည် ပျောက်ကွယ်သွားခဲ့သည်။

တစ်နိုင်ငံ စနစ်နှစ်မျိုး ဥပဒေစနစ်ရှိသော ဟောင်ကောင်တွင် တရုတ်ရဲများကို တာဝန်ချထားမှု တားမြစ် လိုက်ချိန်က ရှောင်ကျန်းဟွာမှာ ပျောက်ကွယ်သွားခြင်းဖြစ်သည်။

တရုတ်အစိုးရသည် ရှောင်ကို ထိန်းသိမ်းထားကြောင်း အတည်ပြုခြင်းမရှိသလို ငြင်းဆိုခြင်းလည်းမရှိခဲ့ပေ။ ရှောင်ကို စွဲဆိုနိုင်သောပြစ်မှုများကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

ရှောင်သည် တရုတ်နိုင်ငံတွင် အင်အားကြီးမိသားစုများစွာအတွက် အလုပ်လုပ်ပေးခဲ့ပြီး The New York Times က ၎င်းအား အာဏာရလူတန်းစား၏ ဘဏ်လုပ်ငန်းရှင်တစ်ဦး ဟု တင်စားခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် ရှောင်၏ ချမ်းသာကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly