တရုတ်က စစ်လေယာဉ်များ တိုးမြှင့်စေလွှတ်ခြင်းသည် ထိုင်ဝမ်ကျွန်းကို ခြိမ်းခြောက်ခြင်းထက် အမေရိကန်ကို သတိပေးလိုခြင်းဖြစ်နိုင်

တရုတ်က စစ်လေယာဉ်များ တိုးမြှင့်စေလွှတ်ခြင်းသည် ထိုင်ဝမ်ကျွန်းကို ခြိမ်းခြောက်ခြင်းထက် အမေရိကန်ကို သတိပေးလိုခြင်းဖြစ်နိုင်

ဒီမိုကရေစီစနစ်ကျင့်သုံးပြီး လွတ်လပ်သော ထိုင်ဝမ်ကို အမေရိကန်က ထောက်ခံချိန်တွင် တရုတ်က ထိုင်ဝမ် လေကြောင်းရန် ကာကွယ်ရေးဇုန်သို့ စစ်လေယာဉ်များ တိုးမြှင့်စေလွှတ်ခြင်းက ထိုင်ဝမ်ကျွန်းကို ခြိမ်းခြောက် ခြင်းထက် အမေရိကန်ကို သတိပေးလိုခြင်းဖြစ်ကြောင်း ဆန်းစစ်လေ့လာသူများက ယူဆကြသည်။

''တရုတ်ပြည်တွင်းမှာ အများယုံကြည်နေတာတစ်ခုကတော့ အမေရိကန်က ထိုင်ဝမ်လွတ်လပ်ရေးကို အားပေးတာက တရုတ်ကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးချချင်နေတယ်လို့ ထင်နေတာပါပဲ” ဟု ဟာဝိုင်အီရှိ အရှေ့အနောက်စင်တာပညာရှင်အဖွဲ့မှ အကြီးတန်းသုတေသီ ဒန်နီရိုင်းက ပြောကြားခဲ့သည်။

၂၀၂၀ပြည့်နှစ် နှစ်လယ်ပိုင်းမှစတင်၍ တရုတ်လေတပ်သည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်အနည်းငယ်ကို နေ့စဉ်နီးပါးစေလွှတ်ခဲ့ကြောင်း ဗွီအို အေသတင်းက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်သည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ စစ်လေယာဉ် ၂၉ စင်း စေလွှတ်ခဲ့ပြီး ယခုနှစ်အတွင်း တတိယအများဆုံး ပျံသန်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

တိုက်လေယာဉ် ၁၇ စင်း၊ ဗုံးကြဲလေယာဉ် ၆ စင်းနှင့် အခြားထောက်ပံ့ရေးလေယာဉ်များ ပါဝင်သော စစ်လေ ယာဉ်များသည် အနောက်တောင်ဘက်မှ ဇွန်လ ၂၈ရက်တွင် ကျွန်း၏ လေကြောင်းရန်ကာကွယ်ရေး သတ် မှတ်ဇုန် အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
 
အစောပိုင်းက အမေရိကန်ရေတပ် P-8A Poseidon ကင်းထောက်လေယာဉ်သည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required