ပါကစ္စတန်သည် တရုတ်နှင့် စီးပွားရေးဆက်ဆံမှုကြောင့် သီရိလင်္ကာကဲ့သို့ ကြွေးမြီထောင်ချောက်သို့ ကျရောက်သွားနိုင်

ပါကစ္စတန်သည် တရုတ်နှင့် စီးပွားရေးဆက်ဆံမှုကြောင့် သီရိလင်္ကာကဲ့သို့ ကြွေးမြီထောင်ချောက်သို့ ကျရောက်သွားနိုင်

ပါကစ္စတန်သည် တရုတ်နှင့် စီးပွားရေးဆက်ဆံမှုများကြောင့် သီရိလင်္ကာကဲ့သို့ ကြွေးမြီထောင်ချောက်သို့ ကျရောက်သွားနိုင်သည်။

မကြာသေးမီက တရုတ်က လာဟိုး Orange မီးရထားလမ်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၆ သန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပြန်ဆပ်ရန် တောင်းဆိုလာသောအခါ ပါကစ္စတန်၏ ပြိုကွဲနေသော စီးပွားရေးအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ကြောင်း Osservatorio Globalizzazione က ဖော်ပြ ခဲ့သည်။

ထို့အတူ မတ်လကုန်တွင် ပါကစ္စတန်နိုင်ငံတော်ဘဏ်၏ နိုင်ငံခြားအရန်ငွေသည် ပြင်ပကြွေးမြီ များပြန်ဆပ်ရခြင်းကြောင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၁၅ ဘီလီယံအထိ ကျဆင်းသွားခဲ့သည်။

ထို့ကြောင့် ပါကစ္စတန်သည် တရုတ်နှင့် ဆက်ဆံရေးတွင် စိုးရိမ်မကင်းသော စီးပွားရေးအနာဂတ်ကို ရင်ဆိုင် နေရသည်။

လာဟိုး Orange မီးရထားလမ်းစီမံကိန်းကို ၂၀၂၀ပြည့်နှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် China-Railway North Industries Corporation (CR-NORINCO) ကုမ္ပဏီက ပန်ဂျပ်ဒေသအများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံမှ ၂၀၂၃ခုနှစ် မတ်လကုန်တွင် ကြွေးမြီ အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၃ သန်းနှင့် ၂၀၂၃ခုနှစ်ကုန်တွင် ကျန်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းကို တောင်းခံခဲ့သည်။

၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၆ရက် စာချုပ်သက်တမ်းမကုန်မီ ပေးချေရမည့် အခကြေးငွေ အားလုံးကို ပြန်လည် ပေးဆပ်ရန် CR-NORINCO က တောင်းဆိုထားသည်ဟု Osservatorio Globalizzazione က ဖော်ပြ ခဲ့သည်။

ပါကစ္စတန်ချေးငွေများကို ပြန်ဆပ်သည့်ကိစ္စနှင့် အခြားသော ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး တရုတ်သည် ပါကစ္စတန်နှင့် ခက်ခက်ခဲခဲ ညှိနှိုင်းခဲ့ရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပါကစ္စတန်သည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိသော တရုတ် ကုန်သွယ်မှုဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ကို အသုံးပြုသည့်အတွက် တရုတ်ကို အတိုး အမေရိကန် ဒေါ်လာ သန်း ၁၄၀ ပေးခဲ့ရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပါကစ္စတန်သည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံချေးငွေအတွက် အတိုး သန်း ၁၂၀ ပေးခဲ့သည်။

တရုတ်က ပါကစ္စတန်ထံမှ ကြွေးမြီပြန်လည်ရရှိရေးအတွက် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly