ရှင်ကျန်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၁၃ နှစ်မြောက်အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြပွဲများပြုလုပ်

ရှင်ကျန်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၁၃ နှစ်မြောက်အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြပွဲများပြုလုပ်

တရုတ်နိုင်ငံ ရှင်ကျန်းတွင် ၂၀၀၉ ခုနှစ် ဇူလိုင် ၅ ရက် ဖြစ်ပွားခဲ့သော အူရမ်ကီမြို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု၏ ၁၃ နှစ်မြောက် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နေရာအနှံ့အပြားတွင် ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။

ဝီဂါ ၂ ဦး သတ်ဖြတ်ခံရမှုကို ဆန့်ကျင်ကန့်ကွက်သော ဝီဂါလူမျိုးများအား တရုတ်အစိုးရက ထိုစဉ်က အပြင်းအထန် နှိမ်နင်းခဲ့သည်။

လွန်ခဲ့သော ၁၃ နှစ် ဇူလိုင်က ရှင်ကျန်းဒေသတွင် တိုင်းရင်းသားများ မငြိမ်သက်မှုကြောင့် လူသေစေသော အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး တရုတ်အစိုးရသည် ဝီဂါတိုင်းရင်းသားလူနည်းစုရှိရာဒေသကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်လာခဲ့သည်။

အဓိကရုဏ်းဖြစ်ပွားမှု ၁၃ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဒါကာနှင့် နာရာယန်ဂန်မြို့အပါအဝင် နေရာများစွာတွင် ဆန္ဒပြပွဲများ ကျင်းပခဲ့ကြသည်။

နာရန်ယန်ဂန်မြို့တွင် Sanchetan Nagorik Samaj အရပ်ဘက်အဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် စာတန်းများနှင့်ပိုစတာများကိုင်ဆောင်ထားသော လူတန်းကြီးသည် ဝီဂါများအပေါ် တရုတ်ကွန်မြူနစ်အစိုးရ၏ ဖိနှိပ်မှုများကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

လူမှုဖူလုံရေးဖိုရမ်တစ်ခုဖြစ်သည့် Bharat Bangladesh Sampriti Sangsad (BBSS) ကလည်း ဒါကာမြို့တွင် စက်ဘီးစီးပြိုင်ပွဲကျင်းပခဲ့ပြီး လူအများအပြားက တရုတ်ပြည်မကြီးရှိ လူနည်းစုအသိုက်အဝန်းများကို ထောက်ခံသည့်အနေဖြင့် ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လက ရှင်ကျန်းမြို့တော် အူရမ်ကီတွင် အကြမ်းဖက်အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

ဝီဂါ ၂ ဦး သတ်ဖြတ်ခံမှုကို ဆန့်ကျင်သော ဝီဂါလူမျိုးများကို တရုတ်အစိုးရက စတင်နှိမ်နင်းခဲ့သည်။

ဆန္ဒပြသူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြသလို ပျောက်ဆုံးသူများနှင့် ဒဏ်ရာရသူများလည်းရှိသည်။

အဓိကရုဏ်းဖြစ်ပွားမှုတွင် ဆန္ဒပြသူပေါင်း ၁၉၇ ဦးသေဆုံးခဲ့ကာ ၁၇၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly