ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစိုးရကြွေးမြီများ မြင့်တက်လာခြင်းအပေါ် NGO များက စိုးရိမ်

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစိုးရကြွေးမြီများ မြင့်တက်လာခြင်းအပေါ် NGO များက စိုးရိမ်

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစိုးရကြွေးမြီများ မြင့်တက်လာခြင်းနှင့် တရုတ်နိုင်ငံ၏ ကြွေးမြီထောင်ချောက် မူဝါဒအပေါ် အစိုးရမဟုတ်သော အဖွဲ့အစည်း အများအပြားက ပိုမိုစိုးရိမ်ပူပန် လာကြသည်။

လူ့အခွင့်အရေးကောင်စီ၏ အကြိမ် ၅၀ မြောက် ပုံမှန်အစည်းအဝေးတွင် “လူ့အခွင့်အရေးခံစားခွင့်အပေါ် အစိုးရကြွေးမြီ၏အကျိုးသက်ရောက်မှုဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲ - အာဖရိကနှင့်တခြားနိုင်ငံများအတွက် သတိပေးချက်ဖြစ်လာသော သီရိလင်္ကာ၏ အန္တရာယ်ကျရောက်မှု” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

နယ်ပယ်အသီးသီးမှ ပါဝင်တက်ရောက်သူများသည် ကြွေးမြီဝန်ထုပ်ဝန်ပိုးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုအပေါ် ၎င်း၏ဆိုးကျိုး သက်ရောက်မှုများကို ဆွေးနွေးခဲ့ကြသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများက ၎င်းတို့ ကြွေးမြီအကျပ်အတည်းလျော့ပါးရေး အဖြေရှာပေးရန် တောင်းဆိုနေချိန်မှာ ယခုဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတကာဘာသာပေါင်းစုံအဖွဲ့ မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် RADDHO ပရိုဂရမ်မန်နေဂျာ ဘီရိုဒိုင်ယာဝါရာက “ အစိုးရကြွေးမြီ မြင့်မားခြင်းဟာ လူမှုအခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေပါတယ်။ ဘာမှမလုပ်ရင် နိုင်ငံအတော်များများ ပြိုလဲသွားလိမ့်မယ်'' ဟု ပြောကြားခဲ့ကာ ဖွံ့ဖြိုးဆဲ နိုင်ငံများအနက် သီရိလင်္ကာ၊ ဇမ်ဘီယာနှင့် မဒါဂတ်စကာတို့တွင် တရုတ်၏ သွယ်ဝိုက်ထိန်းချုပ်မှုကို အား ကောင်းစေသည့် တရုတ်ကြွေးမြီထောင်ချောက်ကိုလည်း မီးမောင်းထိုးပြခဲ့သည်။

စာရေးဆရာနှင့် ပထဝီနိုင်ငံရေးလေ့လာသုံးသပ်သူ ပရီယာဂျစ်ဒက်ဆာကာက တရုတ်ကြွေးမြီထောင်ချောက် သည် ကိုလိုနီစနစ်ပုံစံသစ်ကို ကိုယ်စားပြုသည်ဟု အလေးပေးပြောကြားခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် တရုတ်ဘဏ်များ၏ အတိုးနှုန်းမြင့်မားမှုကို သတိထားရန်လည်း အကြံခဲ့ပြုသည်။

ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးရှိ အာဖရိကဒီမိုကရေစီနှင့် လူ့အခွင့်အရေးလေ့လာရေးစင်တာ (ACDHRS) မှ အကိုယ်စားလှယ်နှင့် အက်ဒယ်ဘာဂီဂျီဘရေးက နိုင်ငံတကာအဖွဲ့အစည်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်နေရသော ကြွေးမြီအကျပ်အတည်းကို သတိပြုမိကြသော်လည်း ဖြေရှင်းချက်မရှိသေးကြောင်း မှတ်ချက်ပြုခဲ့သည်။ အက်ဒယ်ဘာဂီဂျီဘရေးက ယင်းအခြေအနေတွင် နိုင်ငံများ မပြိုလဲစေရေးအတွက် ယင်းကဲ့သို့သော အကြွေးများကို ပယ်ဖျက်ရန် နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly