တရုတ်၏ အားကစားဥပဒေသစ်က ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒသို့ ဦးတည်သည့်ခြေလှမ်းဖြစ်

တရုတ်၏ အားကစားဥပဒေသစ်က ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒသို့ ဦးတည်သည့်ခြေလှမ်းဖြစ်

ကိုဗစ်လုံးဝကင်းစင်ရေးမှအစပြု၍ နိုင်ငံတကာအားကစားပွဲများတွင် ဝေဖန်မှုလုံးဝသည်းမခံရေးအထိ မဟာဗျူဟာများည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း တရုတ်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှ ချမှတ်ခဲ့သော အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အချို့ဖြစ်သည်။

အားကစားပွဲများတွင် တရုတ်နိုင်ငံကို အနှောက်အယှက်ပေးသည့် နိုင်ငံများ၊ ဒေသများ သို့မဟုတ် အဖွဲ့အစည်းများအား တန်ပြန်အရေးယူမှုများ ပြုလုပ်မည့် နိုင်ငံ့အားကစားဥပဒေအား ပြန်လည်ပြင်ဆင်ရေးကို တရုတ်ဥပဒေပြုလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။

ပြည်ပ၌ တရုတ်၏ ဂုဏ်သိက္ခာကို အကာအကွယ်ပေးမည့် သမ္မတရှီကျင့်ဖျင်အစိုးရကို အလေးပေးသည့် ယခု လုပ်ဆောင်ချက်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။ အဆိုပါ ဥပဒေသည် အားကစားပွဲများတွင် စော်ကားမှုများကို လုံးဝသည်းမခံရန် အကောင်အထည်ဖော်မည့် ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ တာရှည်မခံခြင်းကို ထောက်ပြလျက် အားကစားဥပဒေသစ်သည်လည်း မအောင်မြင်သည့် ကြိုးပမ်းချက်သာဖြစ်လိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ ဥပဒေသည် ရလာဒ်ပြောင်းပြန်ထွက်ဖွယ်ရှိပြီး နိုင်ငံတကာအားကစားပွဲများတွင် နိုင်ငံခြားသားအားကစားသမားများနှင့် တရုတ်အားကစားသမားများအကြား သင်းကွဲမှုများထပ်မံဖြစ်ပေါ်လိမ့်မည်ဟု ဆိုကြသည်။

ပေကျင်းအိုလံပစ်ပွဲတော်မတိုင်မီ ရက်ပိုင်းအလိုကလည်း တရုတ်က အိုလံပစ်စိတ်ဓာတ် သို့မဟုတ် တရုတ် စည်းမျဉ်းများ သို့မဟုတ် ဥပဒေများကို ဆန့်ကျင်သည့် မည်သည့်အားကစားသမား၏ အပြုအမူကိုမဆို ပြင်းထန်သော ပြစ်ဒဏ်ချမှတ်ခံမည်ဖြစ်ကြောင်း ပြည်ပအားကစားသမားများအား သတိပေးချက်ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာအားကစားအဖွဲ့ သို့မဟုတ် အခြားနိုင်ငံများသည် တရုတ်နိုင်ငံ၏ သက်ဦးဆံပိုင် အားကစားစည်းမျဉ်းကို လက်ခံမည်မဟုတ်သောကြောင့် ပြည်ပနိုင်ငံများ၊ အားကစားသမားများနှင့်အဖွဲ့အစည်းများကို ခြိမ်းခြောက်သော တရုတ်အားကစားစည်းမျဉ်းသစ်သည် ကမ္ဘာလုံးဆိုင်ရာ အငြင်းပွားဖွယ်ကိစ္စတစ်ခု ဖြစ်လာဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly