တရုတ်က နီပေါတွင် စီးပွားရေး လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းနေကြောင်း ခါးပတ်လမ်းရပ်ဝန်း နားလည်မှုစာချွန်လွှာတွင် ဖော်ပြနေ

တရုတ်က နီပေါတွင် စီးပွားရေး လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းနေကြောင်း ခါးပတ်လမ်းရပ်ဝန်း နားလည်မှုစာချွန်လွှာတွင် ဖော်ပြနေ

တရုတ်၏ ရည်မှန်းချက်ကြီးမားသော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI)များနှင့် ပတ်သက်ပြီး တရုတ်နှင့် နီပေါ လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာ (MoU) မိတ္တူတစ်စောင်တွင် ယင်းစီမံကိန်းများမှ တစ်ဆင့် နီပေါတွင် တရုတ်က စီးပွားရေးလက်ဝါးကြီးအုပ်ရန် မည်ကဲ့သို့ ကြိုးပမ်းနေကြောင်းကို တွေ့ရှိရသည်။

နားလည်မှုစာချွန်လွှာကို နှစ်ပေါင်းများစွာ လက်မှတ်ရေးထိုးပြီးသည့်တိုင် အဆိုပါ BRI စီမံကိန်းများသည် အ ကောင်ထည်ဖော်ရန် အလားအလာနှင့် အဓိက ဖွံ့ဖြိုးတိုးတက်မှုကို မ မြင်ရသေးကြောင်း သဘောတူစာချုပ် မိတ္တူက ဖော်ပြနေပြီး တရုတ်က ယင်းငွေကြေးနှင့် လွတ်လပ်စွာ ကုန်သွယ်မှု ပြဋ္ဌာန်းချက်များဖြင့် နီပေါ၏ စီးပွားရေးကို လွှမ်းမိုးရန် ကြိုးပမ်းနေကြောင်း တွေ့မြင်ရသည်။

၂၀၁၇ခုနှစ် မေလတွင် နီပေါနှင့် တရုတ်အစိုးရတို့သည် BRI ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

သို့သော် ၅နှစ်အတွင်း နီပေါနှင့် တရုတ်တို့က အဆိုပါစာရွက်စာတမ်းကို အများပြည်သူသို့ မထုတ်ပြန်ခဲ့ပေ။

ထို့ပြင် နှစ်နိုင်ငံအကြား တွင်ကျယ်စွာပြောဆိုခဲ့သော BRI ဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်စောင် ကို Khabarhub သတင်းဌာနက ရရှိခဲ့သည်။

နီပေါပြည်တွင်းမီဒီယာ၏ နားလည်မှုစာချွန်လွှာပါ အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာချက်အရ တရုတ်က BRI သဘောတူညီချက်မှ တစ်ဆင့် လွတ်လပ်စွာ ကုန်သွယ်မှုဟူသောအမည်ဖြင့် နီပေါ၏ စီးပွားရေးကို လက်ဝါးကြီးအုပ်မည့် အခြေအနေများနှင့် အကျိုးစီးပွားများကို ပြဋ္ဌာန်းရန် ကြိုးပမ်းခဲ့သည်။

နီပေါက ယင်းသဘောတူညီချက်ကို လူသိရှင်ကြား ထုတ်ဖော်မပြောဆိုသည့်အတွက် စိုးရိမ်နေကြောင်း ကျွမ်းကျင်သူများက ဖော်ပြခဲ့ကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဆာရော့ဂျ် မစ်ရှားက နီပေါသည် ယင်းသဘောတူစာချုပ်ကို လူသိရှင်ကြား မဖော်ပြခြင်းမှာ တရုတ်၏ ကြီးမားသောဖိအားကြောင့် ဖြစ်နိုင်သည်ဟု သံသယရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly