တရုတ်နှင့် ဂျပန်တို့အကြား ရေပိုင်နက် အငြင်းပွားမှုများ ပိုမိုတင်းမာလာ

တရုတ်နှင့် ဂျပန်တို့အကြား ရေပိုင်နက် အငြင်းပွားမှုများ ပိုမိုတင်းမာလာ

တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ဂျပန်က အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွားနေသော ကျွန်းစု များ အတွက် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရေးနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထုတ်လုပ်ရေး အတွက် အပြင်းအထန် ဆွေးနွေးလျက်ရှိသည်။

အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွားနေသော ဆန်ကာကူကျွန်းစုတဝိုက် ရေပြင်ထဲသို့ သင်္ဘောများ စေလွှတ် သည့်အတွက် တရုတ်ကို မကြာသေးမီက ဂျပန်က ထပ်မံသတိပေးခဲ့သည်။

ဂျပန်ကမ်းခြေစောင့်တပ် အရာရှိများ၏ ပြောကြားချက်အရ တရုတ်သင်္ဘော ၂စင်းသည် ဇွန် ၂၁ ရက် (ဂျပန်စံတော်ချိန်) နံနက် ၄ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် ဂျပန်ရေပိုင်နက်အနီးသို့ ဝင်ရောက်ခဲ့ပြီး ယင်းနေရာတွင် လုပ်ကိုင်နေသော ဂျပန်ငါးဖမ်းသင်္ဘောတစ်စီးကို ချဉ်းကပ်ရန် ကြိုးပမ်းခဲ့ပုံပေါ်ကြောင်း NHK World သတင်းတွင် ဖော်ပြထားသည်။

တရုတ်အစိုးရ သင်္ဘောများသည် ၂၀၂၂ခုနှစ်အတွင်း ကျွန်းစုများကမ်းလွန်ရှိ ဂျပန် ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည်မှာ ၁၁ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ယခုဖြစ်ရပ်မတိုင်မီက ဝင်ရောက်မှုမှာ ဇွန် ၁၈ ရက်က ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

မေ ၉ ရက်ကလည်း တရုတ်သင်္ဘောနှစ်စင်းသည် အငြင်းပွားနေသော ဆန်ကာကူကျွန်းများအနီး ဂျပန်ရေပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ဂျပန်က ဆန်ကာကုကျွန်းစုများကို ထိန်းချုပ်ထားသည်။ ဂျပန်အစိုးရက ကျွန်းများကို ဂျပန်ပိုင်နက်၏ အမွေ အနှစ် အစိတ်အပိုင်းအဖြစ်ရရှိခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့် ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း တောင်းဆို ထားသည်။

အာရှစီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သည့် ဂျပန်နှင့် တရုတ်တို့က ဆန်ကာကုကျွန်းများကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ တောင်းဆိုနေကြသည်။ ဂျပန်ကလည်း ယင်းကျွန်းစုများ၏ အချုပ်အခြာအာဏာကို အခိုင်အမာ တောင်းဆိုထားသည်။

ဂျပန်က ယင်းကျွန်းစုများ၏ အချုပ်အခြာအာဏာကို ၁၈၉၅ ခုနှစ်ကတည်းက အခိုင်အမာတောင်းဆိုထားပြီး ၁၇၈၃ခုနှစ်နှင့် ၁၇၈၅ ခုနှစ် ဂျပန်မြေပုံများတွင် တရုတ်နယ်မြေဖြစ်ကြောင်း ဖော်ပြထားသည်ဟု တရုတ်ကလည်း ဆိုသည်။

ဂျပန်အစိုးရက ကျွန်းငါးကျွန်းအနက် ၃ ကျွန်းလုံးကို ပုဂ္ဂလိကပိုင်ပိုင်ရှင်ထံမှ ဝယ်ယူခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ပြီးအငြင်းပွားမှု ပိုမိုပြင်းထန်လာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly