တရုတ်ဝါဒဖြန့်ချိရေး လက်နက်အဖြစ် စွပ်စွဲခံထားရသော ကွန်ဖြူးရှပ်အဖွဲ့အစည်းကို အမည်ပြောင်းပြီး အမေရိကန်တွင် ပြန်လည် ဖွင့်လှစ်နေ

တရုတ်ဝါဒဖြန့်ချိရေး လက်နက်အဖြစ် စွပ်စွဲခံထားရသော ကွန်ဖြူးရှပ်အဖွဲ့အစည်းကို အမည်ပြောင်းပြီး အမေရိကန်တွင် ပြန်လည် ဖွင့်လှစ်နေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) အတွက် ဝါဒဖြန့်ချိရေး လက်နက်အဖြစ် စွပ်စွဲခံထားရသော တရုတ်ယဉ်ကျေးမှု မြှင့်တင်ရေးစင်တာဖြစ်သည့် ကွန်ဖြူးရှပ်အဖွဲ့အစည်းကို အမည်ပြောင်းမွမ်းမံပြီး အမေရိကန်တွင် ပြန်လည် ဖွင့်လှစ်လိုက်သည်။

အမေရိကန်တွင် ပြီးခဲ့သည့် သီတင်းပတ်က ကွန်ဖြူးရှပ်အဖွဲ့အစည်းပေါင်း ၁၁၈ ခုအနက် ၁၀၄ ခုကို ပိတ်ခဲ့ပြီး နောက်ထပ် ၄ ခုကို ပိတ်ပစ်ရန် လုပ်ဆောင်နေကြောင်း အမျိုးသားပညာရှင်အဖွဲ့၏ အစီရင်ခံစာကို ကိုးကား၍ VOA သတင်းဌာနက ဖော်ပြခဲ့သည်။

၎င်းတို့အနက် အနည်းဆုံး ၂၈ခုမှာ ကွန်ဖြူးရှပ်အဖွဲ့အစည်းကို အလားတူ အစီအစဉ်ဖြင့် အစားထိုးခဲ့ပြီး အနည်းဆုံး ၅၈ ခုမှာ ကွန်ဖြူးရှပ်အဖွဲ့အစည်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်းနှင့် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း အစီရင်ခံစာကို ကိုးကား၍ အဆိုပါ သတင်းတွင်
ဖော်ပြထားသည်။

ကယ်လီဖိုးနီးယားရေဘာဆိုက်တက္ကသိုလ်မှ တရုတ်ဘာသာစကားလေ့လာရေး ပါမောက္ခ ပယ်ရီလင့်ခ်က အမေရိ ကန်တွင် ကွန်ဖြူးရှပ်အဖွဲ့အစည်းများ ယခုလောက်အထိပိတ်ခဲ့သည်ကို ပထမအံ့သြမိကြောင်း VOA မက်ဒရင်းဘာသာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများကြောင့် တရုတ်အစိုးရက ကွန်ဖြူးရှပ်အဖွဲ့အစည်းများကို တရုတ်အပြည်ပြည် ဆိုင်ရာပညာရေးဖောင်ဒေးရှင်းဟူသော အဖွဲ့အစည်းအသစ်အမည်ဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည်။

ကွန်ဖြူးရှပ်အဖွဲ့အစည်းများသည် တရုတ်နှင့် နိုင်ငံတကာရှိ ကောလိပ်များ၊ တက္ကသိုလ်များအကြား ပြည်သူ့ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည်။

တရုတ်အစိုးရမှ အငြင်းပွားဖွယ်ရာ ရန်ပုံငွေထောက်ပံ့ပေးထားသည့် အဆိုပါအဖွဲ့အစည်းများသည် တရုတ်ကွန်မြူ နစ်ပါတီ (CCP) အတွက် ဝါဒဖြန့်ချိရေး လက်နက်အဖြစ် စွပ်စွဲခံထားရသည်။

အဆိုပါအဖွဲ့အစည်းများသည် တရုတ်၏ အယူဝါဒဆိုင်ရာ ဈေးကွက်ချဲ့ထွင်ရေးယန္တရားအဖြစ် သတ်မှတ် ခံရခြင်းကြောင့် မကြာသေးမီနှစ်များအတွင်း နိုင်ငံအသီးသီးရှိ ကွန်ဖြူးရှပ်အဖွဲ့အစည်းများကို ပိတ်သိမ်းခြင်း များ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly