တရုတ်စီးပွားရေး ထိခိုက်နေသော်လည်း သမ္မတရှီက ကိုဗစ်လုံးဝ ကင်းစင်ရေး မူဝါဒကို ထောက်ခံ

တရုတ်စီးပွားရေး ထိခိုက်နေသော်လည်း သမ္မတရှီက ကိုဗစ်လုံးဝ ကင်းစင်ရေး မူဝါဒကို ထောက်ခံ

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို ထောက်ခံလိုက်ပြီး ယင်းကဲ့သို့ ထိန်းချုပ်ရေး အစီအစဉ်များကို ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ပါတီ၏ လုပ်ငန်းစဉ်နှင့် ရည်ရွယ်ချက်များ၊ နိုင်ငံ၏ အခြေအနေပေါ် မူတည်၍ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။

‌အဆိုပါ မှတ်ချက်ကို သမ္မတရှီက ဟူဘေးပြည်နယ်၊ ဝူဟန်မြို့သို့ သွားခဲ့သည့် စစ်ဆေးရေးခရီးစဉ်အတွင်း ဇွန် ၂၈ ရက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ထိန်းချုပ်ရေးအစီအစဉ်များနှင့် မူဝါဒများသည် ပြည်သူတို့၏ အသက်ပေါင်းများစွာနှင့် ကျန်းမာရေးကို များစွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့ကြောင်းလည်း သမ္မတရှီက ပြောကြားသည်။

ကာကွယ်ဆေးထိုးခြင်းနှင့် ထိန်းချုပ်မှုများကို တင်းကြပ်စွာ မလုပ်ဆောင်ခဲ့ပါက တိုင်းပြည်အနေဖြင့် ဆိုးရွားသည့် အကျိုးဆက်များကို ကြုံတွေ့ခဲ့ရနိုင်ကြောင်းလည်း သမ္မတရှီ၏ ပြောကြားချက်ကို ဆင်ဟွာသတင်းဌာနက ပြောကြားသည်။

“နိုင်ငံရဲ့ စီးပွားရေးအပေါ် ယာယီထိခိုက်မှုများ ရှိသော်လည်း ပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို အန္တရာယ်ကျရောက်အောင် လုပ်ဆောင်မည်မဟုတ်သလို အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးများကို ကာကွယ်ပေးရပါမယ်။ ခြုံငုံသုံးသပ်ရမယ်ဆိုရင် မိမိတို့ရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များဟာ တွက်ခြေအကိုက်ဆုံးနဲ့ ထိရောက်မှုအရှိဆုံး ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required