အိန္ဒိယတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်မည့် ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုကို ဆောင်ရွက်စေလိုကြောင်း အစိုးရ၏ ပညာရှင်အဖွဲ့ အစည်း တိုက်တွန်း

အိန္ဒိယတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်မည့် ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုကို ဆောင်ရွက်စေလိုကြောင်း အစိုးရ၏ ပညာရှင်အဖွဲ့ အစည်း တိုက်တွန်း

အိန္ဒိယအစိုးရ၏ ပြည်သူ့မူဝါဒရေးရာ အတတ်ပညာရှင်များအဖွဲ့အစည်းတစ်ခုဖြစ်သည့် NITI Aayog အေဂျင်စီက နိုင်ငံတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးနိုင်မည့် အစိမ်းရောင်ဟိုက်ဒရိုင်ဂျင် စင်္ကြံများ ထူထောင်ရေးအတွက် အကြံပြုတိုက်တွန်းလိုက်ပြီး လုပ်ငန်းသစ် များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ နိုင်ငံတွင်း အစိမ်းရောင်ဟိုက်ဒရိုဂျင် ထုတ်လုပ်၊သိုလှောင်၊ တင်ပို့ရေးပိုမိုလုပ်ဆောင်ရန် လုပ်ငန်းရှင်များကို ပံ့ပိုးကူညီရေးတို့အတွက် လုပ်ဆောင်လျက်ရှိသည်။

‘အစိမ်းရောင်ဟိုက်ဒရိုဂျင်’ သိုမဟုတ် ‘အစိမ်းရောင် အမိုးနီးယား’ သည် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချပြီး ပေါ့ပါး၍ အလွန်ဓာတ်ပြုမြန်သည့် လောင်စာတစ်မျိုးဖြစ်ကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ဖြင့် ရေကို ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်အဖြစ်သို့ ဓာတ်ဖြိုခွဲသည့် နည်းလမ်းဖြစ်သည်။ ဟိုက်ဒရိုဂျင် သို့မဟုတ် အမိုးနီးယားကို အပင်နှင့် တိရစ္ဆာန်တို့၏ အပုပ်အဆွေးများမှ လျှပ်စစ်အတွက် ထုတ်လုပ်ခြင်းဖြစ်သည်။

“အစိမ်းရောင် ဟိုက်ဒရိုဂျင် ထုတ်လုပ်ခြင်း--- အိန္ဒိယတွင် ကာဗွန်ထုတ်လွှတ်မှု များစွာ လျှော့ချမည့် အခွင့်အလမ်းများ” အမည်ရှိ အစီရင်ခံစာတစ်စောင်ကို Aayog အဖွဲ့က ထုတ်ပြန်ခဲ့ရာတွင် လိုအပ်ချက်များပေါင်းစပ်ခြင်းနှင့် နိုင်ငံခြားငွေကြေးကုန်ကျမှုကို လျော့ကျစေနိုင်မည့် ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

အိန္ဒိယအပါအဝင် အင်အားကြီးနိုင်ငံများက ကာဗွန်ထုတ်လွှတ်မှု အသားတင်ပမာဏ သုံညအဆင့်သို့ ရောက်ရှိရန် ကတိပြထားကြပြီး အစိမ်းရောက် ဟိုက်ဒရိုဂျင်သည် အိန္ဒိယအနေဖြင့် အဆိုပါ ရည်မှန်းချက်ကို ရရှိအောင် လုပ်ဆောင်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်မည်ဟု Aayog အဖွဲ့က ယုံကြည်ထားသည်။

‌“ဟိုက်ဒရိုဂျင် ထုတ်လုပ်မယ့် နေရာ ၃ခုကို တည်ဆောက်သွားပါမယ်” ဟု Rocky Mountain Institute နှင့် ပူးတွဲ ထုတ်ပြန်သည့် အစီရင်ခံစာတွင် Aayog က ဖော်ပြထားသည်။

“အစိုးရများအနေဖြင့် လုပ်ငန်းသစ်များနှင့် စီမံကိန်းများကို ထောက်ပံ့ငွေနှင့် ချေးငွေများပေးနိုင်သကဲ့သို့ စွန့်ဦးတီထွင် လုပ်ငန်းရှင်များကိုလည်း ချိတ်ဆက်စောင့်ရှောက်မှုများဖြင့် ကူညီနိုင်သည့်အပြင် လိုအပ်သည့် စည်းမျဉ်းဥပဒေများကိုလည်း ညှိနှိုင်း ဆောင်ရွက်ပေးနိုင်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

‌“အစိမ်းရောင် ဟိုက်ဒရိုဂျင်သည် အိန္ဒိယအနေဖြင့် ပြည်ပမှ လောင်စာ တင်သွင်းမှုကို သိသာစွာ လျှော့ချနိုင်မည်ဖြစ်သောကြောင့် အစိမ်းရောင် ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုနှင့် အသုံးပြုမှုကို မြှင့်တင်ရာတွင် ဝန်ကြီးဌာနများ၏ ပါဝင်ဆောင်ရွက်မှု လိုအပ်သည်” ဟု NITI Aayog ၏အမှုဆောင်အရာရှိချုပ် အမီတာဘာခန့်က ပြောကြားသည်။

အစိုးရအနေဖြင့် အစိမ်းရောင်ဟိုက်ဒရိုဂျင် စီမံကိန်းအတွက် အခွင့်အလမ်းကောင်းမွန်သည့် ဈေးကွက်များတွင် ဝယ်လိုအားဖန်တီးရေးနှင့် ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ အစိမ်းရောင် ဟိုက်ဒရိုဂျင်ကို ပြည်ပသို့ တင်ပို့ရောင်းချရေးနှင့် အစိမ်းရောင်ဟိုက်ဒရိုဂျင် ပါဝင်သော ထုတ်ကုန်များကို ကမ္ဘာ့ဟိုက်ဒဂျင်ဆိုင်ရာ မဟာမိတ်များမှတစ်ဆင့် ဖြန့်ဖြူးရေးတို့ကိုလည်း အစီရင်ခံစာတွင် အကြံပြုထားသည်။

‌အိန္ဒိယနိုင်ငံတွင် ဟိုက်ဒရိုဂျင် လိုအပ်ချက်မှာ ၂၀၅၀ ပြည့်နှစ်မတိုင်မီတွင် လက်ရှိထက် ၄ ဆ ကျော် ပိုမို မြင့်တက်လာနိုင်ပြီး ကမ္ဘာ့ဟိုက်ဒရိုဂျင် လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း ရှိလာနိုင်မည်ဖြစ်သလို သံမဏိနှင့် ထရပ်ကား အကြီးစားလုပ်ငန်းများတွင် ၂၅ ရာခိုင်နှုန်း လိုအပ်မည်ဟု အစီရင်ခံစာတွင် ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly