သဘာဝဓာတ်ငွေ့ရည်ဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ ပါကစ္စတန်တွင် လျှပ်စစ်ဓာတ်အား အခက်အခဲ ဆိုးရွားလာ

သဘာဝဓာတ်ငွေ့ရည်ဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ ပါကစ္စတန်တွင် လျှပ်စစ်ဓာတ်အား အခက်အခဲ ဆိုးရွားလာ

ပါကစ္စတန်သည် ဇူလိုင်လအတွက် သဘာဝဓာတ်ငွေ့ ဖြည့်တင်းဝယ်ယူမှုဆိုင်ရာ သဘောတူညီချက်တစ်ခုကို ရရှိနိုင်ခြင်း မရှိခဲ့သည့်နောက် ယခုအခါ လျှပ်စစ်အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ဇူလိုင်လအတွက် သဘာဝဓာတ်ငွေ့ရည် ဝယ်ယူရေး တင်ဒါခေါ်ယူခဲ့ရာတွင် အဆိုပြုကမ်းလှမ်းသည့် ဈေးနှုန်းများ မြင့်တက်မှုနှင့် ပါဝင်မှု နည်းပါးခဲ့ခြင်းကြောင့် အဆိုပါ တင်ဒါများကို ပယ်ဖျက်ခဲ့ရသည်ဟု သတင်းများက ဖော်ပြသည်။ ပါကစ္စတန်အစိုးရသည် နိုင်ငံတွင် ပျံ့နှံ့ဖြစ်ပေါ်နေသော လျှပ်စစ်မီးပြတ်တောက်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ရန် လုပ်ဆောင်နေရသည်။

ပြီးခဲ့သည့်လထဲတွင် တတိယအကြိမ်မြောက်အဖြစ် ပါကစ္စတန်အာဏာပိုင်တို့ ဇူလိုင်လအတွက် LNG သဘာဝဓာတ်ငွေ့ရည် တင်ဒါတစ်ခုကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။

ပါကစ္စတန်တွင် လောင်စာဝယ်ယူနိုင်စွမ်း မရှိခြင်းက လျှပ်စစ် ရှားပါးပြတ်လပ်မှုများကို ပိုမိုဆိုးဝါးစေရန် ခြိမ်းခြောက်နေသည်ဟု Geo TV က ဖော်ပြသည်။

နိုင်ငံပိုင် ပါကစ္စတန် LNG Ltd ကုမ္ပဏီသည် နိုင်ငံအတွက် ဈေးနှုန်းအကြီးဆုံး ကုန်ပို့ဆောင်မှု ဖြစ်မည့် ကမ်းလှမ်း ချက်တစ်ခုကို လက်ခံရရှိခဲ့ပြီးနောက် ဇူလိုင်လ သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုများအတွက် ဝယ်ယူမှု တင်ဒါ တစ်ခုကို ဖျက်သိမ်းခဲ့ကြောင်း ယင်းကိစ္စနှင့် ပတ်သက်ပြီး သိရှိသည့် ကုန်သည်များက ပြောသည်။

ဇူလိုင်လထဲတွင် လျှပ်စစ် ဝန်အားလျှော့ချမှုများ ဖြစ်လာနိုင်သလို လာမည့် ဆောင်းရာသီလများတွင်လည်း ဓာတ်ငွေ့ ရှားပါးပြတ်လပ်မှု ဖြစ်နိုင်သည်ဟု ရေနံဝန်ကြီး မူဆာဒစ်ခ် မာလစ်က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly