တရုတ်နိုင်ငံသားများ၏ တရားမဝင် လုပ်ဆောင်မှုများက နီပေါအာဏာပိုင်များအတွက် စိုးရိမ်စရာဖြစ်လာ

တရုတ်နိုင်ငံသားများ၏ တရားမဝင် လုပ်ဆောင်မှုများက နီပေါအာဏာပိုင်များအတွက် စိုးရိမ်စရာဖြစ်လာ

နီပေါရှိ တရုတ်နိုင်ငံသားများသည် လွယ်ကူသော ချေးငွေမက်လုံးများဖြင့် အွန်လိုင်းပေါ်တွင် ပွန်ဇီစနစ်ခေါ် ရင်းနှီးမြှပ်နှံမှုဆိုင်ရာလိမ်လည်လှည့်ဖျားခြင်းနှင့် နိုင်ငံခြားသားများကိုလိမ်လည်ခြင်း ကဲ့သို့သော ငွေကြေး လိမ်လည်မှုများ လုပ်ဆောင်နေကြောင်း တွေ့ရှိနေရသလို စုံစမ်းရေးဌာနများသည်လည်း ကျွမ်းကျင်ပုံမရဘဲ စစ်ဆေးမှုများကို ကျေနပ်ဖွယ်ကောင်းလောက်အောင် မလုပ်ဆောင်နိုင်ပေ။

တရားမဝင်လှုပ်ရှားမှုများတွင် တရုတ်နိုင်ငံသားများ များပြားလာခြင်းသည် နီပေါအာဏာပိုင်များအတွက် စိုးရိမ်စရာဖြစ်လာသည်။ ဧပြီ ၂၂ ရက်နေ့က ခတ္တမန္ဒူမြို့ မဟာရာဂန်ရပ်ကွက်ရှိ အိမ်တစ်အိမ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် နီပေါရဲဌာနပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။

သို့သော် ကျွမ်းကျင်သူနည်းပါးခြင်းက စုံစမ်းမှုအတွက် အတားအဆီးတစ်ခုဖြစ်နေပြီး ရဲတပ်ဖွဲ့သည် နိုင်ငံခြားသားများ၏ သံသယဖြစ်ဖွယ် တရားမဝင်လှုပ်ရှားမှုများကို စုံစမ်းနိုင်ခြင်းမရှိချေ။

အထူးသဖြင့် နည်းပညာကို အလွဲသုံးစားပြုလုပ်၍ ကျူးလွန်သောပြစ်မှုများနှင့်ရင်ဆိုင်ရသည့်အခါ ရဲတပ်ဖွဲ့သည် ကျွမ်းကျင်စွာ မကိုင်တွယ်နိုင်ကြပေ။ အာဏာပိုင်များသည် အိမ်အတွင်းရှိ သံသယဖြစ်ဖွယ်လှုပ်ရှားမှုများကို သတင်းရခဲ့ကြောင်း နီပေါ ဒေသတွင်းမီဒီယာ Annapurna Express
ကဖော်ပြသည်။ နောက်ဆုံးတွင် သံသယ ရှိသူများကို လက်ပ်တော့ ၅ လုံး၊ မိုဘိုင်ဖုန်း ၆၇၅ လုံးနှင့် Nepal Telecom နှင့် NCell တို့မှထုတ်သည့် ဆင်းကဒ် ၇၆၀ နှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။

တရုတ်နိုင်ငံသားများထံမှ လက်ပ်တော့နှင့်ဖုန်းများကို သိမ်းယူပြီးနောက် ၎င်းတို့ကို ဗဟိုရဲမှုခင်းသိပ္ပံဌာသို့ ပို့ဆောင်လိုက်သည်။

တရုတ်နိုင်ငံသားများကို နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစားမှုပြုလုပ်သည့် အုပ်စုနှင့် ဆက်စပ်ပတ်သက်ကြောင်း သံသယရှိကြသည်။ သို့သော် လူဝင်မှုကြီးကြပ်ရေးဌာနှင့် ရဲတပ်ဖွဲ့သည် ၎င်းတို့သံသယများကို အတည်ပြုနိုင်ရန် နည်းပညာရော လူအင်အားပါ မရှိကြပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly