အာဖဂန်တွင် လူနည်းစု ဆစ်ခ်ဘာသာဝင်များ အစ္စလမ္မစ် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ဆက်လက်ရင်ဆိုင်နေရ

By Zee5
02 July 2022
အာဖဂန်တွင် လူနည်းစု ဆစ်ခ်ဘာသာဝင်များ အစ္စလမ္မစ် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ဆက်လက်ရင်ဆိုင်နေရ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ ဂါ့ဒ်ဝါရာ ကာတဲ ပါဝမ် ဆစ်ခ်ဘုရားကျောင်း မကြာသေးခင် တိုက်ခိုက်ခံခဲ့ရသည့်ဖြစ်စဉ်က ယင်းနိုင်ငံရှိ လူနည်းစု ဆစ်ခ်ဘာသာဝင်တို့ အကြမ်းဖက်သမားများ၏ ပစ်မှတ်တစ်ခုအဖြစ် မည်ကဲ့သို့ ဆက်ရှိနေသည်ကို ပြသနေသည်။

အစ္စလမ္မစ် အာဖဂန်နစ္စတန်တွင် လူနည်းစုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်သည့် ယခုနောက်ဆုံး ဖြစ်စဉ်တွင် အနည်းဆုံး ၂ဦး သေဆုံးခဲ့သည်။

ဖောက်ခွဲရေးပစ္စည်းများ တင်ထားသော ကားတစ်စီးဖြင့် ဘုရားကျောင်း၏ ဂိတ်ပေါက်များမှ မီတာ အနည်းငယ်အကွာ နေရာတွင် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။ ယင်းကားသည် အရံအတားများကို ကျော်ဖြတ်ခဲ့မည်ဆိုပါက ထိခိုက်ပျက်စီးမှုနှင့် သေဆုံး၊ ဒဏ်ရာရမှုများက ပိုမိုကြီးမားမည် ဖြစ်သည်။

အာဖဂန်နစ္စတန်တွင် ဆစ်ခ်များ၊ ဟာဇာရာများနှင့် ဆူဖီများ အပါအဝင် လူနည်းစု အစုအဖွဲ့အားလုံးကို အကာအကွယ်ပေးရေး အာဖဂန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်အဖွဲ့ (UNAMA) က တောင်းဆို ထားသော်လည်း တိုက်ခိုက်မှုများက ဆက်ရှိနေဆဲ ဖြစ်သည်။

တာလီဘန်အဖွဲ့အပေါ် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများ ရှိနေသလို အာဖဂန်တွင် လူနည်းစုများကို အကာအကွယ်ပေးရေး အခိုင်အမာ လုပ်ဆောင်ရန် ဆစ်ခ်ဘာသာဝင်များရှိရာ အိန္ဒိယအပါအဝင် နိုင်ငံအချို့ကလည်း တာလီဘန်တို့ကို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required