မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တရုတ်နိုင်ငံကျန်းရှီပြည်နယ်တွင် လူပေါင်း ၂ သန်းကျော် ရေဘေးသင့်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တရုတ်နိုင်ငံကျန်းရှီပြည်နယ်တွင် လူပေါင်း ၂ သန်းကျော် ရေဘေးသင့်

တရုတ်နိုင်ငံ အရှေ့ပိုင်းကျန်းရှီပြည်နယ်တွင် ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၂ ဒသမ ဝ၅ သန်းခန့် ရေဘေးသင့်ခဲ့ရသည်။

ပြည်နယ်၏ ရေလွှမ်းမိုးမှုနှင့် မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေးဌာနချုပ်၏ အဆိုအရ နောက်ဆုံးအကြိမ် မိုးရွာ သွန်းပြီးနောက် ပြည်နယ်၏ ခရိုင်ပေါင်း ၇၄ ခုကို ရေဘေးသင့်ခဲ့သဖြင့် စုစုပေါင်း နေထိုင်သူ ၃၀၂,ဝဝဝ ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ဆိုးရွားသည့် ရာသီဥတုအခြေအနေကြောင့် သီးနှံစိုက်ခင်း ဟက်တာ ၁၅၀,ဝဝဝ ပျက်စီးခဲ့ကာ စီးပွားရေး တိုက်ရိုက် ဆုံးရှုံးမှု ယွမ် ၆ ဒသမ ၇၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၁ ဘီလီယံခန့်) ရှိခဲ့သည်။

ပြည်နယ်သည် အဆင့် ၂ ရေလွှမ်းမိုးမှုထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်မှုကို ဇွန် ၂၅ရက် နံနက် ၁၀ နာရီတွင် စတင်ခဲ့ကြောင်း ပြည်နယ်ရေဘေးထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှား ကယ်ဆယ်ရေး ဌာနချုပ်ကို ကိုးကား၍ ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ရွက်ဖျင်တဲများ၊ ခေါက်ကုတင်များ၊ မျက်နှာသုတ်ပဝါများနှင့် အဝတ်အထည်များအပါအဝင် ကယ်ဆယ်ရေး ပစ္စည်း ၇၁,ဝဝဝ ခန့်ကို ရေဘေးသင့်ဒေသများရှိ ပြည်သူများအား ထောက်ပံ့ပေးခဲ့ကြောင်း အာဏာပိုင်များက ပြောကြား ခဲ့သည်။

တရုတ်တွင် လိမ္မော်ရောင်၊ အဝါနှင့် အပြာရောင်တို့နောက်တွင် အပြင်းထန်ဆုံးသတိပေးချက်ကို ကိုယ်စားပြုသည့် အနီရောင်အဆင့်ပါဝင်သည့် အရောင်လေးဆင့်ပါဝင်သည့် မိုးလေဝသသတိပေးစနစ်ထား ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly