နေတိုးအဖွဲ့၏ မဟာဗျူဟာအသစ်တွင် တရုတ်ကို ထိန်းချုပ်နိုင်မည့် အားကောင်းသည့် စကားလုံးသုံးစွဲရန် အမေရိကန် မျှော်လင့်

နေတိုးအဖွဲ့၏ မဟာဗျူဟာအသစ်တွင် တရုတ်ကို ထိန်းချုပ်နိုင်မည့် အားကောင်းသည့် စကားလုံးသုံးစွဲရန် အမေရိကန် မျှော်လင့်

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးအတွင်း ချမှတ်မည့် နေတိုးအဖွဲ့၏ မဟာဗျူဟာ အယူ အဆသစ်တွင် တရုတ်အတွက် ပြင်းထန်သော ဝေဖန်မှုများ ပါဝင်လာရန် အမေရိကန်က မျှော်လင့်နေ ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ဇွန် ၂၆ရက်တွင် ပြောကြားခဲ့သည်။

'ယင်းနေရာတွင် ဆက်လက်လုပ်ဆောင်နေသကဲ့သို့ပင် ဂျီ-၇ စာရွက်စာတမ်းအဖွဲ့များသည် မဟာဗျူဟာ သဘောတရားဆိုင်ရာ နောက်ဆုံးအဆင့်မြှင့်တင်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါသည်' ဟု Sputnik News Agency ၏ အဆိုအရ အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

'ကျွန်တော်တို့ အနေအထားကောင်းတစ်ခုကို ရောက်နိုင်မယ်လို့ ကျွန်တော် အလွန်ယုံကြည်ပါတယ်။ ပြီးတော့ နေတိုးမဟာဗျူဟာ အယူအဆသစ်မှာ တရုတ်အတွက် “ပြင်းထန်တဲ့” ဝေဖန်မှုများ ပါဝင်ခြင်းက ကျွန်တော်ထင်ပါတယ် အဲဒါက တရုတ်က ရုရှားကို မဟာဗျူဟာမြောက်မိတ်ဖက် ဒါမှမဟုတ် တစ်ခုခုလို မခေါ်သေးတဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း သိသာထင်ရှားတဲ့ တိုးတက်မှု ဒါမှမဟုတ် အပြောင်းအလဲတစ်ခု ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အရာရှိက ဆက်လက် ပြောကြားခဲ့သည်။

ဇွန် ၂၆ ရက်မှ ၂၇ ရက်အထိ ဂျာမနီနိုင်ငံ၌ ကျင်းပသည့် ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် တရုတ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျာမန်အဓိပတိ အိုလက်ရှိုးတို့ တွေ့ဆုံမှုအပြီးတွင် အမေရိကန်နှင့် ဂျာမနီတို့က ယူကရိန်းပဋိပက္ခကို သံတမန်နည်းအရ ဖြေရှင်းသင့်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း အရာရှိက သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့ကြောင်း Sputnik သတင်းတွင် ဖော်ပြထားသည်။

'ယူကရိန်းကို လုံခြုံရေးဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးအပ်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျာမန်အဓိပတိ အိုလက်ရှိုးတို့က ဆက်လက်ပြီး ကတိကဝတ်ပြုခဲ့ကြပါတယ်။ နှစ်ယောက်စလုံးက သံတမန်ရေးအရ ဖြေရှင်းဖို့ တူညီကျယ်ပြန့်တဲ့ ချဉ်းကပ်မှုရှိတယ်လို့ ထင်ပါတယ်' ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ဇွန် ၂၅ ရက်တွင် ဂျာမနီနိုင်ငံတောင်ပိုင်းရှိ ရှိုလော့အယ်မက်ဒေသသို့ ဘိုင်ဒင်ရောက်ရှိခဲ့ပြီး ဂျီ-၇ ခေါင်းဆောင် များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

လာမည့်ဆယ်စုနှစ်အတွင်း နေတိုးအဖွဲ့၏ အသွင်ကူးပြောင်းမှု လမ်းညွှန်ချက်ကို မဟာမိတ်ခေါင်းဆောင်များ ထောက်ခံမည့် ၂၀၂၂ခုနှစ် နေတိုးထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဇွန် ၂၈ ရက်တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ဘိုင်ဒင်သွားရောက်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly