တရုတ်က ထိုင်ဝမ်သွင်းကုန်ပိတ်ပင်ရန်နှင့် စစ်ရေးအရ ကျူးကျော်မှုတို့ဖြင့် ခြိမ်းခြောက်ရန် ကြိုးပမ်းနေ

By Latestly
02 July 2022
တရုတ်က ထိုင်ဝမ်သွင်းကုန်ပိတ်ပင်ရန်နှင့် စစ်ရေးအရ ကျူးကျော်မှုတို့ဖြင့် ခြိမ်းခြောက်ရန် ကြိုးပမ်းနေ

အာဏာရှင်ဆန်သော တရုတ်အစိုးရအောက်တွင် ထိုင်ဝမ်ကို ထိန်းချုပ်ရန်နှင့် ဖိနှိပ်ရန် ကြိုးပမ်းမှုအနေဖြင့် တရုတ်က စစ်ရေးအရအနိုင်ကျင့်မှုနည်းဗျူဟာကို ဆက်လက်ကျင့်သုံးနေချိန်တွင် ငါးနှင့် နာနတ်သီး တင်သွင်း မှုကို တားမြစ်ခြင်းဖြင့် ထိုင်ဝမ်၏ စီးပွားရေးကို ထိုးနှက်ရန် ဆုံးဖြတ်လိုက်သည်။

တရုတ်လေတပ်သည် ထိုင်ဝမ်လေပိုင်နက်အတွင်းသို့ လေယာဉ် ၂ ဒါဇင်စေလွှတ်ခဲ့ကြောင်း တိုင်ပေရှိ ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားပြီး အဆိုပါလေ့ကျင့်မှုတွင် အမျိုးအစား ၉ မျိုးမှ လေယာဉ် ၂၉စင်း ပါဝင်ခဲ့ရာတွင် တိုက်လေယာဉ် ၁၇စင်း၊ ဗုံးကြဲလေယာဉ် ၆ စင်းနှင့် ရေငုပ်သင်္ဘာ တိုက်ဖျက်ရေး လေယာဉ် ၁ စင်းတို့ ပါဝင်ကြောင်း သတင်းတွင်ဖော်ပြထား သည်။

ထိုင်ဝမ်မှ ရှာဖွေတွေ့ရှိခဲ့သော လေယာဉ် ၂၉ စင်းတွင် Yun-9 ဆက်သွယ်ရေး တန်ပြန်တိုက်ခိုက်ရေးလေယာဉ် ၁ စင်း၊ Yun-8 ကင်းထောက်လေယာဉ် ၁ စင်း၊ H-6 လေယာဉ် အမျိုးအစား ၆ စင်း၊ Y-20 ဝေဟင်ဆီဖြည့် လေယာဉ် တစ်စင်း၊ Air Police-500 လေယာဉ် ၂ စင်း၊ Y-8 ရေငုပ်သင်္ဘာတိုက်ဖျက်ရေးလေယာဉ် ၁ စင်း၊ J-16 အမျိုးအစား ၆ စင်း၊ Sukai-30 အမျိုးအစား လေယာဉ် ၄ စင်း၊ J-11 အမျိုးအစား ၅ စင်းတို့ဖြစ်သည်။

သို့သော် ထိုင်ဝမ်က တချိန်တည်းတွင် ရေဒီယိုသတိပေးချက်ထုတ်ပြန်ပြီး ထိုင်ဝမ်က 'လေကြောင်းကင်းလှည့် တပ်ဖွဲ့များကို စေလွှတ်ပြီး တုံ့ပြန်ရန်၊ အသံထုတ်လွှင့် နှင်ထုတ်ခြင်းနှင့် လေယာဉ်ပစ်ဒုံးကျည်များဖြင့် စောင့်ကြည့်ပြီး' မကြာမီတွင် တရုတ်လေယာဉ်များ ဆုတ်ခွာသွားခဲ့သည်။

ထိုင်ဝမ်ကို ထောက်ခံကြောင်း ဖော်ပြပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက “ထိုင်ဝမ်အပေါ် စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး ဖိအားများနှင့် ခြိမ်းခြောက်မှုများကို ရပ်တန့်ရန် တရုတ်ကို တိုက်တွန်းထားသည်။

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အမေရိကန်က အစဉ်အမြဲ စိတ်ဝင်စား ပါသည်ဟုလည်း ဖော်ပြခဲ့သည်။

ထိုင်ဝမ် နာနတ်သီးများကို တရုတ်သို့ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပြီးနောက် ယခုအခါတွင် ထိုင်ဝမ်မှ နာမည်ကြီး ကျောက်ငါးများ တင်သွင်းမှုအားလုံးကို ပိတ်ပင်လိုက်ခြင်းဖြင့် ထိုင်ဝမ်ကို စီးပွားရေးမျက်နှာစာတွင် ချုပ်ကိုင်ထားသည်။

နှစ်နိုင်ငံလုံးအတွက် အမျိုးသားဟင်းလျာအဖြစ် ကြေညာထားသည့် ယင်းငါးတင်ပို့မှုအပေါ် မှီခိုနေရသော ရာနှင့်ချီသော ထိုင်ဝမ်ငါးဖမ်းသမားများသည် ဒေဝါလီခံသွားရပြီဖြစ်သည်။

တရုတ်၏ ကြီးမားသော စားသုံးသူဈေးကွက်ကို ထိုင်ဝမ်ဝင်ရောက်ခြင်းကို ယခင်က ကန့်သတ်ထားပြီး ထိုင်ဝမ် နှင်းသီးများတွင် ပိုးမွှားများပါသည်ဟုဆိုကာ တားမြစ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly