တရုတ်တွင် ပြည်တွင်းရင်းနှီးငွေများ ပြည်ပသို့ ထွက်ခွာနေ

တရုတ်တွင် ပြည်တွင်းရင်းနှီးငွေများ ပြည်ပသို့ ထွက်ခွာနေ

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ဖြစ်သော အသွားအလာပိတ်ဆို့မှုနှင့် ယွမ်တန်ဖိုး ကျဆင်းမှု တို့ကြောင့် ၂၀၂၂ ခုနှစ် ပထမ ၃ လပတ်တွင် နိုင်ငံတွင်းမှ ရင်းနှီးငွေအမြောက်အမြား ပြည်ပသို့ ထွက်ခွာမှုမှာ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဝါရှင်တန်အခြေစိုက် ကုန်သွယ်ရေးအသင်းအဖွဲ့ (IIF) ကပြောသည်။

ထိုကာလအတွင်း ရင်းနှီးမြှုပ်နှံသူများသည် အစုရှယ်ယာများနှင့် ငွေချေးစာချုပ်များကို အစုလိုက်ရောင်းချကာ ရွှေ့ပြောင်းမှုအများစုတွင် ပြည်တွင်းငွေကြေးသုံး ငွေချေးစာချုပ်များပါဝင်သည်။ အစိုးရနှင့်ဖွံ့ဖြိုးရေးဘဏ် ငွေချေးစာချုပ်များပါဝင်သော ရှယ်ယာအစုများရွှေ့ပြောင်းသွားမှုသည် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး မတ်လတွင် ပိုများလာခဲ့သည်။

ရုရှားသည် တရုတ်နိုင်ငံတွင်ထားရှိသည့် နိုင်ငံခြားအရန်ငွေအမေရိကန်ဒေါ်လာ ၇၀ ဘီလီယံခန့်၏ တစ်စိတ် တစ်ပိုင်းကိုလည်းရောင်းချခဲ့ပြီး တရုတ်နိုင်ငံတွင်းမှ အမြောက်အမြားထွက်ခွာသည့် ရင်းနှီးမြှုပ်နှံမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ရင်းနှီးမြှုပ်နှံသူများသည် ရုရှား-ယူကရိန်းစစ်ပွဲကြောင့်ဖြစ်သော တင်းမာမှုများကြောင့် စီးပွားရေး စွန့်စားရမှုများဖြစ်လာသဖြင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်မှ ထွက်ခွာ လျက်ရှိကြသည်။

တရုတ်သည် သမိုင်းတစ်လျှောက်အမြင့်ဆုံးအဖြစ် မတ်လတွင် စံချိန်တင် အစုရှယ်ယာထွက်ခွာမှုမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိခဲ့သည်။

နိုင်ငံတွင်းမှထွက်ခွါမှုများတွင် ငွေချေးစာချုပ်တန်ဖိုး ၁၁ ဒဿမ ၂ ဘီလီယံတန်ဖိုးရှိပြီး ကျန်အရာများမှာ ရှယ်ယာများဖြစ်သည်။ အရင်းအနှီးထွက်ခွာမှုအတိုင်းအတာသည် စိုးရိမ်ဖွယ်ရာအဆင့်သို့ ရောက်လာသည်။

ဧပြီလသည် ၃ လဆက်တိုက်မြောက် အရင်းအနှီးယိုစီးမှုဖြစ်ခဲ့သည်။ ၃ လကျော်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့ရှယ်ယာတန်ဖိုးကို ယွမ် ၃၀၁ ဒသမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၀၃ ဘီလီယံ) အထိ လျှော့ချခဲ့သည်။

စီးပွားရေး တိုးတက်မှုအလားအလာများ ကျဆင်းနေချိန်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူ အများအပြားသည် တရုတ်ဈေးကွက်မှ စွန့်ခွါလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required