ကိုဗစ်ကင်းစင်ရေးမူဝါဒအပေါ် ဆန္ဒပြမှုများကို တရုတ်အစိုးရက ဖိအားပေး နှိမ်နင်း

ကိုဗစ်ကင်းစင်ရေးမူဝါဒအပေါ် ဆန္ဒပြမှုများကို တရုတ်အစိုးရက ဖိအားပေး နှိမ်နင်း

တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာ၊ လူထုဆန္ဒပြပွဲများကို ဖိနှိပ်ခြင်းနှင့် ကန့်ကွက် ဆန္ဒပြခြင်းကို အကြမ်းတမ်းဆုံးနှင့် စာနာမှုအကင်းမဲ့ဆုံးပုံစံ ဖြင့် ဖိနှိပ်သည့် မူဝါဒကို တရုတ်တွင် မကျေနပ်မှုများ ကြီးထွားလာနေသည်။

သို့သော် တရုတ်တွင် ယင်းမကျေနပ်မှုနှင့် နောက်ဆက်တွဲ ဆန္ဒပြမှုများကြောင့် ထိခိုက်မှုရှိပုံမရကြောင်း Singapore Post ၏ ဖော်ပြခဲ့သည်။

ဗိုင်းရပ်စ်ပျံ့နှံ့သည့် အရိပ်အယောင် အနည်းငယ်မြင်ရုံမျှနှင့်ပင် တရုတ်အစိုးရသည် ပြည်သူများအကြား စိတ် အနှောင့်အယှက်ဖြစ်စေသည့် တင်းကျပ်သော အစီအမံများကို ကျင့်သုံးခဲ့သည်။

၂၀၂၂ခုနှစ် မေလလယ်ခန့်တွင် ဆရာများက လွတ်လပ်စွာသွားလာနိုင်သော်လည်း ပီကင်းတက္ကသိုလ်ကျောင်း ဝင်းအတွင်း ကျောင်းသားများအား သီးခြားဖြစ်စေရန် သတ္ထုနံရံတစ်ခု ကာရံထားရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် တက္ကသိုလ်ကျောင်းသားများက ရှားရှားပါးပါး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြမှုသည် တစ်ရက်တည်းနှင့် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ၎င်းတို့အား အစားအသောက် မှာယူခြင်း သို့မဟုတ် ဧည့်သည်များနှင့် တွေ့ဆုံခြင်းနှင့် နေ့စဉ်ကိုဗစ်-၁၉ စစ်ဆေးခြင်းတို့ကို တားမြစ်ထားသည့် စည်းမျဉ်းများကြောင့် ဖြစ်ပေါ်လာရသည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း ရှန်ဟိုင်းမြို့အနှံ့ပိတ်ဆို့ကန့်သတ်မှုများနှင့် ပေကျင်းမြို့တွင် ကန့်သတ် မှုများပိုမိုတင်းကျပ်ခြင်းကြောင့် တရုတ်၏ တင်းကျပ်သောဗိုင်းရပ်စ်ထိန်းချုပ်မှုကြောင့် စီးပွားရေးနှင့် ပြည်သူများ ၏ နစ်နာမှုများနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။
  
အခြားတစ်ဖက်တွင် တရုတ်ကွန်မြူနစ်ပါတီက ၎င်းတို့၏ ကိုဗစ်-ကင်းစင်ရေးမဟာဗျူဟာ အောင်မြင် ကြောင်း သက်သေပြ ကြွေးကြော်လေ့ရှိသည်။

သို့သော် လူများက ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၏ ဆိုးကျိုးများကို ဖော်ပြသည့် ပို့စ်များအားလူမှုမီဒီယာ အမျိုးမျိုးတွင် တင်ခြင်းကြောင့် အမှန်တရားကို သိရှိနိုင်ခဲ့သည်။

ရှန်ဟိုင်းတွင်ကဲ့သို့ပင် အချို့နေရာများတွင် မြို့ခံများသည် ရဲများ၊ စေတနာ့ဝန်ထမ်းများနှင့် ပဋိပက္ခဖြစ်ခဲ့ကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly