တရုတ်၏ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို တန်ပြန်ရန် ဒေါ်လာ ဘီလီယံ ၆၀၀ တန်ဖိုးရှိ ကမ္ဘာ့အခြေခံအ ဆောက်အအုံအစီစဉ်ကို အမေရိကန်သမ္မတ မိတ်ဆက်

By MSN
30 June 2022
တရုတ်၏ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို တန်ပြန်ရန် ဒေါ်လာ ဘီလီယံ ၆၀၀ တန်ဖိုးရှိ ကမ္ဘာ့အခြေခံအ ဆောက်အအုံအစီစဉ်ကို အမေရိကန်သမ္မတ မိတ်ဆက်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် တရုတ်၏ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကိုတန်ပြန်သည့်အနေဖြင့် ဂျီ-၇ ၏ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံအထိ သုံးစွဲမည့် အစီအစဉ်ကို ကြေညာလိုက်သည်။

ဘိုင်ဒင်သည် ကမ္ဘာ့စီးပွားရေးအဖွံ့ဖြိုးဆုံးနိုင်ငံများမှ တခြားခေါင်းဆောင် ၆ ဦးနှင့်အတူ ဂျာမနီနိုင်ငံ အယ်လ်မိုမြို့တွင် ၃ ရက်ကြာကျင်းပသည့် ဂျီ-၇ ထပ်သီးအစည်းအဝေး၏ ပထမဆုံးရက်သို့ တက်ရောက်စဉ် ဇွန် ၂၆ ရက်က ၎င်းအစီအစဉ်အား ဖွင့်ပြောခဲ့ခြင်းဖြစ်သည်။ 

“ဂျီ-၇ မိတ်ဖက်တွေနဲ့အတူ အမေရိကန်က ကမ္ဘာလုံးဆိုင်ရာအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုအတွက် ၂၀၂၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ
သန်း ၆၀၀ ဘီလီယံ မြှုပ်နှံဖို့ ရည်ရွယ်ထားပါတယ်” ဟု ဘိုင်ဒင်၏ ကြေညာချက် အပြီးတွင် အိမ်ဖြူတော်က ဇွန် ၂၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်သည် အကြွေးပြန်မဆပ်နိုင်သည့် ခါးပတ်လမ်းရပ်ဝန်းအဖွဲ့ဝင်နိုင်ငံများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု အမေရိကန်နှင့် ဥရောပနိုင်ငံများက စွပ်စွဲပြောဆိုနေကြသည့်အချိန်တွင် ဘိုင်ဒင်က ၎င်း၏သမ္မတ မဲဆွယ်ကာလ အတွင်း ကမ္ဘာလုံးဆိုင်ရာအခြေခံအဆောက်အအုံစီမံကိန်းကို မိတ်ဆက်ခဲ့သည်။

သမ္မတရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆိပ်ကမ်း များ၊ တံတားများနှင့်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းဖြင့် ကမ္ဘာတစ်ဝန်းတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ခဲ့သည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းသည် လွှမ်းမိုးထားပြီးသားဖြစ်သော်လည်း ဂျီ-၇ စီမံကိန်းသည် အချိန်မီသေးကြောင်း အမေရိကန် စီနီယာအရာရှိတစ်ဦးက ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (PGII) အကြောင်း သတင်းထောက်များကို ရှင်းပြစဉ် ထည့်သွင်းပြောကြားခဲ့သည်။

“ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းက နှစ်ပေါင်းများစွာကြာနေပြီ။ ငွေထည့်ဝင်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေ အများ အပြားလုပ်ပြီးပြီဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့စီမံကိန်းကလည်း နောက်မကျ သေးပါဘူး” ဟု ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required