ရှင်ကျန်းဒေသမှသွင်းကုန်များကို အမေရိကန်တားမြစ်လိုက်ခြင်းက တရုတ်သမ္မတ၏ ဗိုလ်ကျ စိုးမိုးရေးအိပ်မက်များကို ကသိကအောက်ဖြစ်စေ

ရှင်ကျန်းဒေသမှသွင်းကုန်များကို အမေရိကန်တားမြစ်လိုက်ခြင်းက တရုတ်သမ္မတ၏ ဗိုလ်ကျ စိုးမိုးရေးအိပ်မက်များကို ကသိကအောက်ဖြစ်စေ

ရှင်ကျန်းပြည်နယ်မှ အဓမ္မလုပ်အားဖြင့် ပြုလုပ်သော တရုတ်ထုတ်ကုန်များအပေါ် အမေရိကန်တားမြစ်မှုသည် ဇွန် ၂၁ ရက်မှစ၍ အသက်ဝင်ပြီဖြစ်သောကြောင့် ကမ္ဘာ၌ ဗိုလ်ကျစိုးမိုးသူနှင့် အင်အားကြီးသူဖြစ်လာ စေရန်ဖြစ်သော တရုတ်၏ ကြီးမားလှသောရည်မှန်းချက်သည် ယခုအခါ လက်တွေ့မကျသော အိပ်မက်ဖြစ်လာပေတော့မည်။

ကုန်ပစ္စည်းတင်သွင်းသူသည် ၎င်း၏သွင်းကုန်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းသည် အဓမ္မလုပ်အားဖြင့် မပြုလုပ်ကြောင်း ရှင်းလင်းယုံကြည်ရသည့် အထောက်အထားပြနိုင်ခြင်းမရှိပါက အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကုန်သွယ်ရေးသည် ရှင်ကျန်းမူရင်းကုန်ဟူသမျှကို တင်သွင်းခွင့်ပြုမည်မဟုတ်ပေ။

အဆိုပါတားမြစ်ချက်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အထိနာနေသော နိုင်ငံ၏ ထုတ်ကုန်ကဏ္ဍကို ပြန်လည်အသက်သွင်းလိုသော သမ္မတရှီ၏ အစီအစဉ်များကို ကမောက်ကမဖြစ်စေခဲ့သည်။

အဆိုပါ တားမြစ်ချက်သည် ဝီဂါကြီးစိုးသော ဒေသ၌ လူနည်းစုမွတ်စလင်များကို ဖိနှိပ်မှုနှင့် အဓမ္မအလုပ် ခိုင်းစေမှုများရှိသည်ဟု သတင်းများထွက်ပေါ်နေချိန် လွန်ခဲ့သော ၆ လက အမေရိကန်မှအတည်ပြုလိုက်သည့် ‘ဝီဂါများအားအဓမ္မခိုင်းစေမှုကာကွယ်ရေးအက်ဥပဒေ’ ၏အကျိုးဆက်ဖြစ်သည်။

သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒနှင့်ဆက်စပ်သော အသွားအလာပိတ်ဆို့မှုနှင့် ကန့်သတ်မှု များကြောင့် ဖြစ်သော ယခုနှစ်ဂျီဒီပီဆုတ်ယုတ်မှု မတိုင်မီတွင် ရင်ဆိုင်ရသည့်အခက်အခဲများ များပြား လာခြင်းဖြစ်သည်။

ထိုအခက်အခဲများတွင် ကြွေးမြီနှင့် ကြွေးမြီဝန်ဆောင်မှုကုန်ကျစရိတ်များ ကြီးမြင့်ခြင်း၊ အရင်းအနှီးများ လွဲမှားစွာခွဲဝေခြင်း၊ လုပ်သားအင်အားကျဆင်းခြင်း၊ ပညာရေးနိမ့်ကျခြင်းနှင့် ထုတ်ကုန်တိုးတက်မှု ရပ်တန့်နေခြင်းများအပါအဝင် တိုးတက်မှုနှောင့်နှေးစေသည့်အချက်များ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly