တရုတ်နှင့် ဆက်ဆံရေးတင်းမာနေချိန် အမေရိကန်လေယာဉ် ထိုင်ဝမ်ရေလက်ကြားတွင် ပျံသန်း

တရုတ်နှင့် ဆက်ဆံရေးတင်းမာနေချိန် အမေရိကန်လေယာဉ် ထိုင်ဝမ်ရေလက်ကြားတွင် ပျံသန်း

တရုတ်စစ်လေယာဉ်ဒါဇင်ပေါင်းများစွာက ထိုင်ဝမ်၏ ကြေညာထားသော လေကြောင်းရန် ကာကွယ်ရေး ဇုန်အတွင်းသို့ ဝင်ရောက်လာပြီးနောက် ရက်ပိုင်းအကြာတွင်ပင် အမေရိကန်ရေတပ် P-8A Poseidon ကင်းထောက်လေယာဉ်တစ်စင်းသည် ထိုင်ဝမ်ရေလက်ကြားတွင် ဇွန်လ ၂၄ရက်က ပျံသန်းသန်းသွားခဲ့ခြင်းဖြင့် အမေရိကန်၏ 'လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ကတိကဝတ်များ' ကို ဖော်ပြခဲ့ကြောင်း အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

'အမေရိကန်ရေတပ်မှ P-8A Poseidon လေယာဉ်သည် ထိုင်ဝမ်ရေလက်ကြားကို နိုင်ငံတကာ လေပိုင်နက် အတွင်း ဇွန် ၂၄ ရက်က ဖြတ်သန်းသွားခဲ့သည်။ အမေရိကန်က ထိုင်ဝမ်ရေလက်ကြားအပါအဝင် နိုင်ငံတကာ ဥပဒေက ခွင့်ပြုထားသည့် မည်သည့်နေရာတွင်မဆို ဆက်လက်ပျံသန်း၊ ခုတ်မောင်း၊ သွားလာသွားမည် ဖြစ် ကြောင်း ' ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နိုင်ငံတကာဥပဒေနှင့်အညီ ထိုင်ဝမ်ရေလက်ကြားအတွင်း သွားလာခြင်းဖြင့် အမေရိကန်က နိုင်ငံအားလုံး၏ ရေကြောင်းသွားလာခွင့်နှင့် လွတ်လပ်ခွင့်များကို စောင့်ထိန်းထားသည်။

ထိုင်ဝမ်ရေလက်ကြားတွင် လေယာဉ်ဖြတ်သန်းသွားလာမှုက လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ် ဒေသ အတွက် အမေရိကန်၏ ကတိကဝတ်ကို သက်သေပြလျက်ရှိသည်။

ယင်းလုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်စစ်တပ် (PLA) အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ်က အမေရိကန် လေယာဉ်တင် သင်္ဘောအုပ်စု၏ လှုပ်ရှား စစ်ဆင်ရေးတစ်ခုလုံးကို စောင့်ကြည့်ရန် လေကြောင်းနှင့် မြေပြင် တပ်ဖွဲ့များကို စုစည်းခဲ့ကြောင်း လူမှုမီဒီယာ Weibo တွင် တရုတ်စစ်တပ်အကောင့်တစ်ခုက ဖော်ပြခဲ့သည်။

'ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားအောင်လုပ်ဆောင်မည့် အမေရိ ကန်၏ တမင်ရည်ရွယ် လုပ်ဆောင်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါသည်' ဟု Weibo ပို့စ်တွင် ဖော်ပြခဲ့ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသား ကာကွယ်ရန် တပ်ဖွဲ့ဝင်များသည် အချိန်တိုင်း တပ်လှန့်ထားကြောင်း ထပ်လောင်း ဆိုခဲ့သည်။

ထိုင်ဝမ်၏ လေကြောင်းရန် ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ တရုတ်လေယာဉ် ၂၉ စင်း စေ လွှတ်ပြီးနောက် အမေရိကန်လေယာဉ်က ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်အရေးသည် မကြာသေးမီလများအတွင်း အမေရိကန်-တရုတ် ဆက်ဆံရေးတွင် ရှေ့တန်းမှ ပါဝင်ခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly