တရုတ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှုန်းနှေးကွေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရယ်များကို IMF သတိပေး

တရုတ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှုန်းနှေးကွေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရယ်များကို IMF သတိပေး

တရုတ်၏ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကို အရှိန်မြှင့်ရန် တောင်းဆိုခဲ့ပြီး ကာကွယ်ဆေးသစ် များ ထိုးနှံရန် စီမံကွပ်ကဲမှုအရှိန်အဟုန်နှေးကွေးခြင်းက စီးပွားရေးတွင် စားသုံးသူအသုံးစရိတ် ပြန်လည် နာလန် ထူလာမှုကို ထိခိုက်စေနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က သတိပေးခဲ့သည်။

လက်ရှိ အရှိန်အဟုန်ဖြင့် ပြည်သူအားလုံးအား ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးပေးရန် နှစ်နှင့်ချီ ကြာလိမ့်မည် ဟု IMF ၏ တရုတ်ဌာနေအကြီးအကဲ ဟက်ဘာဂျာက လူတွေ့မေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

တစ်စိတ်တစ်ပိုင်းအားဖြင့် အိမ်ထောင်စုများသည် ကိုဗစ်ကူးစက်မှုများကို သတိထားခြင်းကြောင့် ကပ်ရောဂါ အကြိုကာလများက ဝယ်နိုင်စွမ်းအားအထိမရောက်ရှိသေးသဖြင့် ကာကွယ် ဆေးထိုးနှံမှု အရှိန်မြှင့်ခြင်း က ယုံကြည်ချက်နှင့် နောက်ဆုံးတွင် စားသုံးမှုကို အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

နေ့စဉ်ကာကွယ်ဆေးထိုးနှုန်းသည် တစ်ရက်လျှင် ရှစ်သိန်းအောက်သို့ ကျဆင်းသွားချိန်တွင် တရုတ်တွင် အသက် ၁၅နှစ်အထက် လူပေါင်း ၃၇၅ သန်းခန့်သည် ကာကွယ်ဆေး ၃ကြိမ်မြောက် မထိုးရသေးကြောင်း တရားဝင်အချက်အလက်များက ဖော်ပြနေသည်။

လေ့လာမှုများအရ တရုတ်၏ ပြည်တွင်းဖြစ် ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး ၃ကြိမ်သည် ပြင်းထန်သောကူးစက်မှု သို့မဟုတ် သေဆုံးမှုများကို ကာကွယ်ရန် mRNA ကာကွယ်ဆေးများကဲ့သို့ နီးပါးထိရောက်မှုရှိကြောင်း လေ့လာမှု များကဖော်ပြခဲ့သည်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏အဆိုအရ အသက် ၆၀နှစ်နှင့်အထက်၏ ၆၄ ရာခိုင်နှုန်းခန့်ကသာ ဆေး ၃ ကြိမ် ထိုးရသေးသည်။

'ဒုတိယသုံးလပတ်တွင် ပိတ်ဆို့ကန့်သတ်မှုများကြောင်း တိုးတက်မှုအားနည်းလိမ့်မည်' ဟု ၎င်းက ဆိုသည်။

မတ်လကတည်းက ရှန်ဟိုင်းနှင့် အခြားမြို့များစွာကို ပိတ်ဆို့ထားရခြင်းက ၂၀၂၂ခုနှစ် ဧပြီလတွင် ပြည်တွင်း အသားတင်ထုတ်လုပ်မှု ၄ ဒသမ ၄ ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းချက်ကျဆင်းရသည့် အကြောင်းရင်း ဖြစ်သည်ဟု IMF က ရှုမြင်ကြောင်း ဟက်ဘာဂျာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required