အာဆီယံအစည်းအဝေးကာလအတွင်း တရုတ်၊ ရုရှား စစ်သင်္ဘောများ အင်အားပြခြင်းအပေါ် ဂျပန် ပြစ်တင်ဝေဖန်

အာဆီယံအစည်းအဝေးကာလအတွင်း တရုတ်၊ ရုရှား စစ်သင်္ဘောများ အင်အားပြခြင်းအပေါ် ဂျပန် ပြစ်တင်ဝေဖန်

ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘော်ကီရှစ်က မကြာသေးမီက “အင်အားပြသည့်အနေဖြင့်”ဂျပန်အနီးတွင် ဖြတ်သန်းသွားသော တရုတ်နှင့် ရုရှားစစ်သင်္ဘောများအား စစ်လက်နက်ဖြင့် ခြိမ်းခြောက်သည့် နည်းဗျူဟာ ကဲ့သို့သော လုပ်ရပ်များကို ကန့်ကွက်ကြောင်းသတိပေးခဲ့သည်။

ရုရှားရေတပ်သင်္ဘော ၅ စင်းသည် ဇွန်လလယ်က ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဟော့ကိုင်းဒိုးမြို့ကမ်းလွန်မှ တောင်ဘက်သို့ ဦးတည်ပြီး ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ စူရှီးမားရေလက်ကြားကို ဖြတ်သန်းသွား ခဲ့ကြောင်း ဖနွမ်းပင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကီရှီက အတည်ပြု ပြောကြားခဲ့သည်။

၎င်းက အဆိုပါ လုပ်ရပ်များကို 'ဂျပန်ကို ဝိုင်းပတ်လုနီးပါး' ဟု ဖော်ပြခဲ့ပြီး တရုတ်ရေတပ် သင်္ဘော ၃ စင်းသည် လည်း အလားတူလမ်းကြောင်းအတိုင်း လိုက်ပါခဲ့ကြောင်း ပြောကြားခဲ့သည်။

'ရုရှားနှင့် တရုတ်သင်္ဘော ၁၀ စင်းနီးပါးက အလားတူ အချိန်တိုအတွင်း ကျွန်ုပ်တို့နိုင်ငံကို လှည့်ပတ် သွားလာ နေခြင်းအပေါ် စိုးရိမ်ပါတယ်” ဟု ကီရှီက ဖော်ပြခဲ့သည်။'

အရှေ့တရုတ်ပင်လယ်မှ ပစိဖိတ်သမုဒ္ဒရာဘက်သို့ ဇွန်လ ၂၁ရက်မှ ၂၂ အထိ တရုတ်သင်္ဘော ၆ စင်းသည် အိုကီနာဝါကျွန်းတောင်ပိုင်း စီရင်စုအနီးတွင် ဖြတ်သန်းသွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်၏ အနောက်တောင်ဘက်ခြမ်းသို့ တရုတ်စစ်လေယာဉ် ၂၉ စင်း ဝင်ရောက်မှုကိုလည်း ရည်ညွှန်းပြီး “အခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်” ဟု ကီရှီက ပြောကြားခဲ့သည်။ ယင်းကျူးကျော်မှုကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဂျပန်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်နှင့် ပစိဖိတ်ပင်လယ်ပြင်တို့တွင် မေလနှောင်းပိုင်းက မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များဖြင့် တာဝေးပူးပေါင်းပျံသန်းမှုနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးက တရုတ်နှင့် ရုရှားအား ပြစ်တင်ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required