တရုတ်က ကိုဗစ်-၁၉ ကျန်းမာရေးအက်ပ်လီကေးရှင်းကို အလွဲသုံး စားလုပ်ပြီး သဘောထားကွဲလွဲမှုများကို တားဆီးရန် လုပ်ဆောင်နေ

တရုတ်က ကိုဗစ်-၁၉ ကျန်းမာရေးအက်ပ်လီကေးရှင်းကို အလွဲသုံး စားလုပ်ပြီး သဘောထားကွဲလွဲမှုများကို တားဆီးရန် လုပ်ဆောင်နေ

အတိုက်အခံများကို ထိန်းချုပ်တားဆီးရန် ကိုဗစ်-၁၉ ကျန်းမာရေးအက်ပ်လီကေးရှင်းကို အလွဲသုံး စားလုပ်နေသည့် တရုတ်အာဏာပိုင်များကို တက်ကြွလှုပ်ရှားသူများနှင့် အင်တာနက်အသုံးပြုသူအများအပြားက ဝေဖန်လိုက်သည်။

ကပ်ရောဂါအစောပိုင်းကာလတွင် တရုတ်က ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရန်နှင့် ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒ ကို အကောင်အထည်ဖော်ရန် လူများ၏ လှုပ်ရှားမှုကို ခြေရာခံရန် အရောင်ဖတ်သည့်စနစ်သုံး စမတ်ဖုန်း အက်ပ်လီကေးရှင်းတစ်ခုကို တီထွင်ခဲ့သည်။

အစိုးရသည် ကိုဗစ်-၁၉ ဖြန့်နေသူများအား ခွဲခြားသတ်မှတ်ရန်နှင့် သီးခြားခွဲထုတ်ရန်မိုဘိုင်းအက်ပ်များကို အသုံးပြုခဲ့သည်။

မကြာသေးမီက မီဒီယာများ၏ ဖော်ပြချက်အရ ဟိုင်နန်ပြည်နယ်၏ မြို့တော် ကျန်ကျိုးတွင် အာဏာပိုင်များက ၎င်းတို့၏ ပြည်တွင်း ဘဏ်အပ်ငွေများကို ထိန်းချုပ်လိုက်ခြင်းကြောင့် ဒေါသထွက်နေကြသူများ၏ သွားလာ လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကုဒ်လိုအပ်ချက်များကို အသုံးပြုခဲ့ကြောင်း Singapore Post သတင်းတွင် ဖော်ပြထားသည်။

ဘဏ်စနစ်များကို အဆင့်မြှင့်တင်နေခြင်းကြောင့်ဟူသည့် အကြောင်းပြချက်ဖြင့် ပြည်တွင်းဘဏ်များတွင် ယင်း တို့၏ အကောင့်များကို ထိန်းချုပ်ခံရသဖြင့် ကျန်းကျိုးမြို့သို့ မကြာသေးမီက သွားရောက်ဆန္ဒပြရန် စီစဉ်ခဲ့သည့် ရာနှင့်ချီသော ငွေအပ်နှံထားသူများ ငွေထုတ်မရခဲ့ပေ။

ရောက်ရှိချိန်တွင် ၎င်းတို့၏ ဖုန်းများရှိ ကျန်းမာရေးကုဒ်များဟုခေါ်သော ကုဒ်များသည် အစိမ်းရောင်မှ အနီရောင်သို့ ပြောင်းလဲသွားသည်ကို တွေ့ရှိခဲ့ရသည်။ အနီရောင်သည် ခရီးမသွားနိုင်သဖြင့် ဆန္ဒပြမည့် အစီအစဉ်လည်း ပျက်သွားခဲ့ရသည်။

အနီရောင်ကုဒ်သည် ငွေအပ်နှံထားသူများကိုသာ ပစ်မှတ်ထားပုံရသည်။ ၎င်းတို့၏ စမတ်ဖုန်းအက်ပ်တွင် အစိမ်း ရောင်ကုဒ်မပါဘဲ နိုင်ငံသားများသည် စားသောက်ဆိုင်များနှင့် ကုန်တိုက်များကဲ့သို့သော အများပြည်သူ သွားလာရေးဆိုင်ရာနေရာများနှင့် နိုင်ငံအနှံ့ခရီးသွားလာခွင့်တို့ကို ဆုံးရှုံးခဲ့ရသည်။

အနီရောင်ကုဒ်တစ်ခုသည် အများအားဖြင့် ရောဂါပိုးကူးစက်ခြင်း သို့မဟုတ် အနီးကပ်ထိတွေ့မှုကို ဖော်ပြပြီး - သူ သို့မဟုတ် သူမသည် အများပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေကြောင်း ညွှန်ပြချက်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly