ပါကစ္စတန် ဆင်းဒ်ပြည်နယ်၏ ရွေးကောက်ပွဲများ ရွှေ့ဆိုင်းရေး ဒေသပါတီက တောင်းဆိုခဲ့

ပါကစ္စတန် ဆင်းဒ်ပြည်နယ်၏ ရွေးကောက်ပွဲများ ရွှေ့ဆိုင်းရေး ဒေသပါတီက တောင်းဆိုခဲ့

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်၏ ဒေသအစိုးရ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းရေး ဒေသဆိုင်ရာ ပါတီတစ်ခုက ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ဆင်းဒ်ပြည်နယ်၏ ရွေးကောက်ပွဲများ၌ အာဏာရ ပါကစ္စတန် ပြည်သူ့ပါတီက အကြံအဖန် လုပ်နိုင်သည်ဆိုပြီး စိုးရိမ်ပူပန်မှုများ ထွက်ပေါ်နေသည်။

ဆင်းဒ်ပြည်နယ်၌ အဆင့် ၁ နှင့် အဆင့် ၂ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းရေး ဆင်းဒ် ညီညွတ်ရေးပါတီ (SUP) ၏ အထွေထွေ အတွင်းရေးမှူး အလီ သီဘိုက ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင် (ECP) ကို ပန်ကြားခဲ့ခြင်းဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အာဏာရ ပါကစ္စတန်ပြည်သူ့ပါတီသည် ဆင်းဒ်ပြည်နယ် ရွေးကောက်ပွဲများ၌ မရိုးမသားလုပ်ရင်း လွှမ်းမိုး အနိုင်ရလိမ့်မည်ဟု ယုံကြည်ထားကြောင်းနှင့် မည်သည့်နည်းနှင့်မဆို ထိုသို့ လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း တီဘိုက ECP ထံ ပေးသည့် စာတစ်စောင်တွင် ပြောထားသည်ဟု သိရသည်။

ထိုသို့ ရွေးကောက်ပွဲ အကြံအဖန်လုပ်ခြင်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အာမခံထားသည့် ရွေးကောက်ပွဲ ကျင့်ဝတ်၊ တရားမျှတမှုနှင့် ဥပဒေတို့နှင့် ဆန့်ကျင်နေသလို ၂၀၁၇ ရွေးကောက်ပွဲ အက်ဥပဒေကို ချိုးဖောက်ရာ ရောက်လိမ့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly