ပါကစ္စတန် ရေနံချက်စက်ရုံများ လုပ်ငန်းပိတ်ထားရမည့် အရေးနှင့် ရင်ဆိုင်နေရ

ပါကစ္စတန် ရေနံချက်စက်ရုံများ လုပ်ငန်းပိတ်ထားရမည့် အရေးနှင့် ရင်ဆိုင်နေရ

ပါကစ္စတန်နိုင်ငံတွင် ရေနံထုတ်ကုန်များ အကြီးအကျယ် ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရစဉ် အဆိုပါကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်မည့် အရေးတကြီး လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ယင်းနိုင်ငံရှိ ရေနံချက်စက်ရုံများက ဖက်ဒရယ်အစိုးရကို တိုက်တွန်းထားသည်။

ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှု အကျပ်အတည်းက ရေနံချက်စက်ရုံများပြီးနောက် ရေနံရောင်းဝယ်မှုကုမ္ပဏီများအပေါ် လုံးလုံးလျားလျား လွှမ်းမိုးသွားနိုင်သည်။

လက်ရှိအချိန်တွင် ရေနံစိမ်း တင်သွင်းမှုများအတွက် ပါကစ္စတန် ပြည်တွင်း ရေနံချက်စက်ရုံများ၏ ငွေလွှဲ စာတမ်းများကို နိုင်ငံခြားဘဏ်များက အတည်ပြုပေးခြင်း မရှိသေးပေ။

ယခုနှစ် ဇန်နဝါရီလကလည်း ယင်းနိုင်ငံရှိ ရေနံချက်စက်ရုံများသည် မီးထိုးဆီ သိုလှောင်မှုများ မြင့်တက် နေခြင်းကြောင့် သီတင်းပတ်အချို့ကြာ ၎င်းတို့၏ လုပ်ငန်းများကို ပိတ်သိမ်းရနိုင်ကြောင်း အစိုးရကို သတိပေးခဲ့သည်။

ရေနံစိမ်း တင်သွင်းမှုများအတွက် ပါကစ္စတန် ပြည်တွင်း ရေနံချက်စက်ရုံများ၏ ငွေလွှဲစာတမ်းများကို နိုင်ငံခြား ဘဏ်များက အတည်ပြုပေးခြင်း မရှိသေးဟု The News International က ဖော်ပြသည်။

ပါကစ္စတန် ရေနံရောင်းဝယ်ရေး ကုမ္ပဏီများ (OMCs) များသည် ရေနံထုတ်ကုန်များ ပြည်တွင်းသို့ တင်သွင်းရေး ဆိုင်ရာ ၎င်းတို့၏ ငွေလွှဲစာတမ်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ဘဏ်များထံမှ အတည်ပြုချက် ရနိုင်ရေး အပြင်း အထန် ကြိုးပမ်းနေရသည်ဟု ရေနံချက်စက်ရုံများနှင့် OMCs များမှ ကိုယ်စားလှယ်များနှင့် စွမ်းအင်ဝန်ကြီးဌာန ရေနံဌာနခွဲမှ တာဝန်ရှိသူများ တွေ့ဆုံသည့် အစည်းအဝေး၌ ထုတ်ဖော်ခဲ့ကြသည်ဟု The News International က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly