လယ်ယာမြေ တရားမဝင် နေရာယူလုပ်ကိုင်သူများကို တရုတ် စတင်အရေးယူ

လယ်ယာမြေ တရားမဝင် နေရာယူလုပ်ကိုင်သူများကို တရုတ် စတင်အရေးယူ

တရုတ်နိုင်ငံ အများပြည်သူလုံခြုံရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံမှုအတွက် ကြိုးပမ်းလုပ်ဆောင်နေချိန်၌ နိုင်ငံတစ်လွှား လယ်ယာမြေတရားမဝင် ဝင်ရောက်လုပ်ကိုင်မှုနှင့် အဆင့်မမီသော စိုက်ပျိုးရေးသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ ရာဇဝတ်မှုများကို ပြင်းထန်စွာ အရေးယူရန် တိုက်တွန်းလိုက်သည်။

မြေဆီလွှာ စုဆောင်းခြင်း၊ အစိုင်အခဲ စွန့်ပစ်ပစ္စည်းများ စုပုံခြင်း သို့မဟုတ် စိုက်ပျိုးရေးနှင့်မအပ်စပ်သည့် ဆောက်လုပ်မှုများ စသည့် လယ်ယာလုပ်ငန်းမဟုတ်သော ရည်ရွယ်ချက်ဖြင့် လယ်မြေကို တရားမဝင် အသုံးပြုသည့် သံသယရှိသူများကို ဥပဒေအရ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်သွားမည်ဟု ဇွန် ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။

အုပ်စုဖွဲ့ရာဇဝတ်မှုများနှင့်ပတ်သက်သောအမှုများကို သက်ညှာခြင်းမပြုရန်နှင့် မျိုးစေ့အတု၊ ဓာတ်မြေသြဇာ သို့မဟုတ် အခြား စိုက်ပျိုးရေးသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချမှုဆိုင်ရာ အမှုကိစ္စများကို စုံစမ်း ခြေရာခံရန် ရဲတပ်ဖွဲ့အား ညွှန်ကြားထားသည်။

တတိယသက်တမ်းရယူရန် ကြိုးပမ်းနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပါတီအပေါ် ဆက်လက်သစ္စာ စောင့်သိရန် ရာထူးအကြီးပိုင်းမှ ကေဒါများကို တောင်းဆိုခဲ့ပြီး လာမည့်လများတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် ခိုင်မာသော လုပ်ဆောင်ချက်များလိုအပ်ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် ပေါ်လစ်ဗျူရိုအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဇွန် ၁၇ ရက်က သမ္မတရှီသည် အကျင့်ဖျက်ခြစားမှုတိုက်ဖျက်ရေးကို အလေးပေးပြောကြားခဲ့ပြီး ယင်းအချက် သည် ပါတီ မကျရှုံးစေရေးအတွက် အဓိက နိုင်ငံရေးရုန်းကန်မှုတစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ရှီကျင့်ဖျင်က လူနည်းစုများနှင့်၎င်းတို့မိသားစုဝင်များအား ကောင်းမွန်စွာ ပြုမူနေထိုင်ရန် တောင်းဆိုခဲ့သလို စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင် (CCDI) အနေဖြင့်လည်း သစ္စာစောင့်သိရန်နှင့် လာမည့်လများတွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအတွက် ပြတ်ပြတ်သားသားလုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly