တရုတ်အနေဖြင့် ဟိမဝန္တာရေကိုအသုံးချရာတွင် သဘောတူညီချက်ရယူရန် ချဉ်းကပ်လုပ်ဆောင်သင့်

တရုတ်အနေဖြင့် ဟိမဝန္တာရေကိုအသုံးချရာတွင် သဘောတူညီချက်ရယူရန် ချဉ်းကပ်လုပ်ဆောင်သင့်

ဒီမိုကရက်တစ်ဖိုရမ် (TDF) ၏ ဆွေးနွေးပွဲ၌ ရေနှင့်ပတ်သက်၍ နိုင်ငံရေးသဘောသက်ဝင်အောင်ပြုလုပ်ခြင်း ဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး ဟိမဝန္တာဒေသရှိ ရေကို သဘောတူညီချက်အရအသုံးပြုသည့်နည်းလမ်းကို ဖော်ဆောင်ရန် တရုတ်အနေဖြင့် လိုအပ်ကြောင်း ညွှန်းဆိုခဲ့ကြသည်။

တရုတ်သည် နယ်နိမိတ်ရေအသုံးပြုမှုဆိုင်ရာ ဘက်စုံဖိုရမ်များတွင်ပါဝင်ရန် ငြင်းဆိုခဲ့ပြီး ခါးပတ်လမ်း ရပ်ဝန်းကဲ့သို့သော နှစ်နိုင်ငံစီးရေး သံခင်းတမန်ခင်းအားဖြင့် ညှိနှိုင်းခဲ့သည်ဟု TDF ဥက္ကဋ္ဌ ဘယ်ရီဂါဒီနာက ပြောသည်။

ဇွန် ၂၂ ရက်နေ့တွင် လန်ဒန်အခြေစိုက် အကျိုးအမြတ်မယူသော ဒီမိုကရေစီဖိုရမ် (TDF) မှ ဦးစီးကျင်းပသည့် 'ဟိမဝန္တာရေအကျပ်အတည်း- အကြောင်းတရားများနှင့် သက်ရောက်မှုများ' ခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲတွင် သဘာဝနှင့် ပထဝီဝင်နိုင်ငံရေးပြဿနာ ပဋိပက္ခများ၊ ရေကိုနိုင်ငံရေးသဘောသက်ဝင်အောင် လုပ်ဆောင်မှုနှင့် ဟိမဝန္တာတောင်တန်းများရှိ ရေနှင့်ပတ်သက်၍ ပိုမိုသဘောတူလက်ခံသည့် ချဉ်းကပ်မှုတစ်ရပ် ဖော်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဂါဒီနာက ရာသီဥတုပြောင်းလဲမှုနှင့် ရေချိုအပေါ် ၎င်း၏သက်ရောက်မှုများကဲ့သို့ ရှုပ်ထွေးသော သဘာဝ ဖြစ်စဉ်များနှင့် (ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ တရုတ်၊ အိန္ဒိယနှင့် နီပေါအပါအဝင်) ဟိန္ဒူကက်ရှ်တောင်တန်းကို မှီခိုနေသူများအကြား တင်းမာသည့်ဆက်ဆံရေးကဲ့သို့သော အရှုပ်ထွေးဆုံး ပထဝီနိုင်ငံရေးပြဿနာများကို ဆွေးနွေးအဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။

တရုတ်က တိဗက်ကုန်းပြင်မြင့်ကို အပိုင်စီးထားသောကြောင့် ဟိမဝန္တာအာရှ ဒေသ ၄ ခုသို့ စီးဆင်းသော နယ်စပ်ဖြတ်ကျော် မြစ်များ၏ ထိပ်ပိုင်းများကို ထိန်းချုပ်ထားသည်။ တရုတ်က ဗြဟ္မပုတ္တရမြစ်ကို မြောက်အရပ်သို့ လမ်းကြောင်းလွှဲလိုက်မည်ကို အိန္ဒိယက စိုးရိမ်နေသလို တရုတ်ကလည်း အိန္ဒိယ၏စောင့်ကြည့်မှုများကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှုမြင်သည်။

အိန္ဒုမြစ်ရေဖြန့်ဝေရေးဆိုင်ရာသဘောတူညီချက်သည် မြစ်ရေအတွင်း ရာသီဥတုကြောင့်ဖြစ်သော ပြောင်းလဲမှုများကဲ့သို့ စိန်ခေါ်မှုအသစ်များကို အပြည့်အဝ သို့မဟုတ် အလွယ်တကူ ကိုင်တွယ် ဖြေရှင်းနိုင်သလားဆိုသည်ကို ဂါဒီနာက သံသယရှိနေသည်။

တိဗက်မူဝါဒ အင်စတီကျု၏ သုတေသနအဖွဲ့မှ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သုတေသီ ဒွန်ဒပ်ဝမ်မိုက တတိယဝင်ရိုးစွန်းနှင့် ယင်းနေရာရှိ ရာသီဥတုက အဘယ်ကြောင့်အရေးကြီးကြောင်းကို အဓိကဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံသည် မြစ်အောက်ပိုင်းဒေသများတွင် ဩဇာအရှိဆုံး နိုင်ငံဖြစ်သဖြင့် မြစ်များနှင့် ဆက်စပ် နိုင်ငံအားလုံးသည် ရေအကျပ်အတည်းကို တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံနှင့် ပေါင်းစည်းသင့်ကာ ညှိနှိုင်း ဆွေးနွေးရန် တရုတ်ကို ဖိအားပေးသင့်သည်။

'ဖွံ့ဖြိုးတိုးတက်ရေး' ဟူသော အကြောင်းပြချက်ဖြင့် တရုတ်၏ စဉ်ဆက်မပြတ် ရေကာတာတည်ဆောက်မှုသည် လူ့အခွင့်အရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို လျစ်လျူရှုထားပြီး ရေအား လျှပ်စစ်စီမံကိန်းများကို ဒေသခံပြည်သူများ၏ သဘောဆန္ဒဖြင့်သာ တည်ဆောက်သင့်ကြောင်းနှင့် ပိုမိုကြီးသော ပြဿနာကို ကမ္ဘာ့အဆင့်တွင် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ဝမ်မိုက အလေးထားပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly