တရုတ်သမ္မတ ရှီအား ဆန့်ကျင်သည့် လှုပ်ရှားမှုများ အတိုက်အခံများက ရွေးကောက်ပွဲမတိုင်မီ စတင်

တရုတ်သမ္မတ ရှီအား ဆန့်ကျင်သည့် လှုပ်ရှားမှုများ အတိုက်အခံများက ရွေးကောက်ပွဲမတိုင်မီ စတင်

တရုတ်သမ္မတရှီကျင့်ဖျင်က သမ္မတသက်တမ်းကို ၂၀၂၃ခုနှစ်ကို ကျော်လွန်ပြီး သက်တမ်းတိုးရန် ကြိုးပမ်းနေ ချိန်တွင် ရှီကျင့်ဖျင်၏ အတိုက်အခံများက ရွေးကောက်ပွဲမတိုင်မီ 'ကျောက်စိမ်းလှုပ်ရှားမှု/ရှီကို ဖြုတ်ချ တရုတ်ကို ကယ်ဆယ်' အမည်ရှိ လှုပ်ရှားမှုကို စတင်ခဲ့သည်။

ပင်မသတင်းမဟုတ်သော တရုတ်သတင်းဝက်ဘ်ဆိုက်များနှင့် Cai Xia အပါအဝင် တွစ်တာအကောင့်အချို့ က ယင်းတို့၏ အကောင့်များတွင် လှုံ့ဆော်မှုစာသားကို မျှဝေခဲ့ကြသည်။

'အကြိမ် ၂၀ မြောက် ကွန်မြူနစ်ပါတီကွန်ဂရက်အကြိုနေ့မှာ ကျွန်တော်တို့ပြည်သူတွေအတွက် ကိုယ့်ကိုကိုယ် ကယ်တင်ဖို့ အကောင်းဆုံးအချိန်ဖြစ်သလို တရုတ်နိုင်ငံအတွက် နောက်ဆုံးအခွင့်အရေးလဲဖြစ်ပါတယ်။ ရှီရဲ့ လှုပ်ရှားမှုပုံစံ ကပ်ရောဂါကာကွယ်ရေးက နိုင်ငံတစ်ဝန်းမှာ မတိုင်းတာနိုင်တဲ့အထိ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပါတယ်။ ” ဟု မဲဆွယ်စည်းရုံးရေးစာတန်းတွင် ဖော်ပြထားသည်။

ရှန်ဟိုင်းကဲ့သို့ ကြီးမားသော မြို့တော်ကြီးအား စိတ်ကြိုက်ပိတ်ဆို့ကန့်သတ်ပြီး စီးပွားရေးကို ဖျက်ဆီးကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်များစွာနှင့် မကြုံစဖူး ဒေါသပေါက်ကွဲမှုများ ဖြစ်ပေါ် စေခဲ့သည်။

ယခုအခါ ရှီသည် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူက အကြွင်းမဲ့အာဏာကို ဆုပ်ကိုင် မထားသလို ဖိအားလည်း ခံနေရပါတယ်” ဟု လှုံ့ဆော်စည်းရုံးမှုတွင် ထည့်သွင်းဖော်ပြထားခဲ့သည်။

တရုတ်သမ္မတကို ပြည်သူများက ဒေါသထွက်နေကြကြောင်း ယင်းက ဆက်လက်ဖော်ပြသည်။

လှုပ်ရှားမှုပြုလုပ်သည့် အတိုက်အခံများက အကျင့်ပျက်ခြစားမှုနှင့် ငွေကြေးခဝါချမှုဆိုင်ရာ အထောက် အထားများအတွက် ရှီမိသားစုနှင့် ယင်းတို့၏  လက်ဝေခံများအား ခြေရာခံရန် လူများကို တောင်းဆို ခဲ့သည်။

စည်းလုံးညီညွတ်သော အင်အားစုတစ်ရပ်ဖွဲ့စည်းရန် အလွှာပေါင်းစုံမှ ပြည်သူအားလုံးနှင့် ချိတ်ဆက် ဆောင်ရွက်ရန်လှုံ့ဆော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly