တရုတ်က ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေဖြင့် နိုင်ငံခြား အင်အားစုများကို ပစ်မှတ်ထားရန် အသုံးပြုနေ

By Taipei Times
26 June 2022
တရုတ်က ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေဖြင့် နိုင်ငံခြား အင်အားစုများကို ပစ်မှတ်ထားရန် အသုံးပြုနေ

တရုတ်က ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေဖြင့် နိုင်ငံခြား အင်အားစုများကို ပစ်မှတ်ထားရန် အသုံးပြုနေပုံရပြီး တရုတ်အုပ်ချုပ်မှုနှင့် အဖွဲ့အစည်းများကို ပြောင်းလဲရန် ဆက်လက် လုပ်ဆောင် နေကြောင်း တရုတ်နိုင်ငံရေးရာကောင်စီ (MAC) ၏ နောက်ဆုံး ၃လပတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်က ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်လက်ဖိနှိပ်လျက်ရှိပြီး လွန်ခဲ့သည့် နှစ်နှစ်နီးပါးက တရုတ်က ချမှတ်ထားသော ဟောင်ကောင်ဥပဒေအား အသုံးပြုကာ ဟောင်ကောင်တွင် လုပ်ကိုင်နေသော နိုင်ငံခြားအဖွဲ့အစည်းများကို ပစ်မှတ်ထားနေသည်ဟု အစီရင်ခံစာက ဆိုသည်။

ဥပမာတစ်ခုအား ကိုးကား၍ ဗြိတိန်မှ အကျိုးအမြတ်မယူသော ဟောင်ကောင်စောင့်ကြည့်ရေးအဖွဲ့ကို မတ် ၄ ရက်တွင်  ဟောင်ကောင်အမျိုးသားလုံခြုံရေးဌာနမှ တာဝန်ရှိသူများက ချဉ်းကပ်ခဲ့ပြီး ယင်းဌာန၏ ဝက်ဘ်ဆိုက်မှ အကြောင်းအရာသည် အမျိုးသားလုံခြုံရေးဥပဒေအား ချိုးဖောက်သည်ဆိုကာ ဖယ်ရှားပေးရန် ပြောကြားခဲ့ သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံခြားအဖွဲ့အစည်းတစ်ခုကို ဥပဒေနှင့် ညှိသည်ဆိုပြီး ပထမဆုံးအကြိမ် ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဟောင်ကောင်တွင် ပထမဆုံးသော ပြစ်ဒဏ်စီရင်မှုနှင့်အတူ ဥပဒေချိုးဖောက်သည့် ပုံနှိပ်ထုတ်ဝေမှုများ ပြုလုပ် ခဲ့သည်ဆိုကာ လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ဖိနှိပ်မှုများ ဇန်နဝါရီလတွင် အရှိန်အဟုန်မြှင့်တက်လာခဲ့သည်။ 

မတ်လတွင် ဟောင်ကောင်ရှေ့နေများအသင်းဥက္ကဋ္ဌဟောင်းပေါဟာရစ်က လုံခြုံရေးတာဝန်ရှိသူများက ၎င်းအား ဥပဒေချိုးဖောက်သည်ဟု စွပ်စွဲခံရပြီးနောက် ဟောင်ကောင်မှ ထွက်ခွာသွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ဟောင်ကောင်သည် တရုတ်နိုင်ငံမှ ခွဲထွက်သော နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်သော်လည်း၊ ထိုင်ဝမ်၏ “WTO တွင် အဓိပ္ပာယ်ပြည့်ဝစွာပါဝင်မှု” ကို ပိတ်ပင်ခြင်းကဲ့သို့သော တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ နိုင်ငံရေး ပန်းတိုင်များကို ထောက်ခံကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

CCP ကိုယ်စားဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြသော်လည်း ဟောင်ကောင်သည် နိုင်ငံတကာ အဖွဲ့အစည်း များတွင် လွတ်လပ်အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်မှု အားနည်းနေကြောင်း ဖော်ပြနေသည်ဟု အစီရင် ခံစာက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required