အိန္ဒိယက သီရိလင်္ကာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထပ်မံပေးပို့

အိန္ဒိယက သီရိလင်္ကာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထပ်မံပေးပို့

လူသားချင်း စာနာထောက်ထားမှုဆိုင်အရာ ပစ္စည်း သီရိလင်္ကာရူပီး ၃ ဘီလီယံကျော်ဖိုးကို အိန္ဒိယက သီရိလင်္ကာသို့ ထပ်မံပေးပို့လိုက်သည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းမှုပြဿနာ အဆိုးဆုံး ရင်ဆိုင်နေရသည့် သီရိလင်္ကာသို့ အိန္ဒိယက ပေးပို့သည့် ပစ္စည်းများတွင် ဆန်၊ နို့မှုန့်နှင့် အခြေခံဆေးဝါးများ ပါဝင်ကြောင်း ကိုလံဘိုမြို့ရှိ အိန္ဒိယ ကော်မရှင်နာမင်းကြီးရုံးက ထုတ်ပြန်ခဲ့သည်။

‌သီရိလင်္ကာ၏ အလွန်ဆိုးရွားသည့် စီးပွားရေးအကျပ်အတည်းကို သက်သာခွင့်ရစေရန် အကူအညီပေးသည့် နိုင်ငံအနည်းငယ်တွင် အိန္ဒိယပါဝင်သည်။ သီရိလင်္ကာတွင် အစားအစာ၊ လောင်စု၊ ဆေးနှင့် အခြား အခြေခံအသုံး အဆောင်များပစ္စည်းများ ဝယ်ရန်နိုင်ရန် အိန္ဒိယက ဒေါ်လာ ၁ ဘီလီယံ ထုတ်ချေးခဲ့သည်။

‌မေလအတွင်းက သီရိလင်္ကာတွင် စားသောက်ကုန်စရိတ် ၅၇ ဒသမ ၄ ရာခိုင်နှုန်းမြင့်ခဲ့သလို အဓိက စားသောက်ကုန်ပစ္စည်းများ၊ ချက်ပြုတ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းတို့အတွက် လောင်စာများ ရှားပါးနေသလို လျှပ်စစ်ဓာတ်အားမှာလည်း နေ့စဉ်ပုံမှန်မရရှိပေ။

ကုန်ထုတ်လုပ်ငန်းအတွက် အခြေခံလိုအပ်ချက်များ မရရှိခြင်းကြောင့် သီရိလင်္ကာ၏ စီးပွားရေးမှာ အခက်အခဲ များနှင့် ဆက်လက်ကြုံတွေ့နေရသည်။ ငွေကြေးတန်ဖိုးသည်လည်း ၂၀၂၂ခုနှစ်၊ မတ်လမှစတင်၍ ၈၀ ရာခိုင်နှုန်းကျဆင်းခဲ့ကာ နိုင်ငံခြားအရန်ငွေကြေး လျော့နည်းနေသလို နိုင်ငံတကာမှ ချေးငွေ စည်းကမ်းသတ်မှတ်ချက်များနှင့်လည်း ကိုက်ညီအောင် လုပ်ဆောင်နိုင်ခြင်းမရှိပေ။

‌အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီနေကေဝါထရာဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် သီရိလင်္ကာသို့ မကြာသေးမီက သွားရောက်ခဲ့ကာ အစိုးရ၏ ‘အိမ်နီးချင်း ဦးစားပေး’ မူဝါဒ အရ လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် သီရိလင်္ကာသို့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံပေးရန် သဘောတူညီခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required