အနာဂတ်တွင် ဗီယက်နမ်က ကမ္ဘာ့စက်ရုံနိုင်ငံအဖြစ် တရုတ်နေရာတွင် အစားထိုးနေရာယူလာနိုင်

အနာဂတ်တွင် ဗီယက်နမ်က ကမ္ဘာ့စက်ရုံနိုင်ငံအဖြစ် တရုတ်နေရာတွင် အစားထိုးနေရာယူလာနိုင်

ဗီယက်နမ်တွင် မြေယာဝယ်ယူခွင့်၊ လုပ်ခလစာ၊ စက်ရုံများနှင့် ဂိုဒေါင်များအတွက် လုပ်ငန်းလည်ပတ်မှုစရိတ်များ ပိုမိုသက်သာသော အခွင့်အလမ်းများရှိခြင်းကြောင့် မကြာမီကာလအတွင်း ကမ္ဘာ့စက်ရုံနိုင်ငံအဖြစ် တရုတ်နေရာ တွင် အစားထိုးလာနိုင်သည်။

ကွမ်တုန်းပြည်နယ်နှင့် ရှန်ဟိုင်းကဲ့သို့သော တရုတ်၏ ထုတ်ကုန်ဗဟိုချက်များတွင် အိုမီခရွန်ကူးစက်မှု များပြားလာမှုက ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေခဲ့ချိန်တွင် ဗီယက်နမ်၏ ပထမ ၃ လပတ် စီးပွားရေးကိန်းဂဏန်များမှာ ကိုဗစ်ကပ်ရောဂါအကြား အလားအလာကောင်းကြောင်း ပြသနေသည်ဟု Global Times ကဖော်ပြသည်။

ဗီယက်နမ်၏ စာရင်းအင်းအရ နိုင်ငံစီးပွားရေးသည် ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ် ပထမ ၃ လပတ်တွင် ၅ ဒသမ ၀၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ တိုးတက်မှုနှုန်း ၄ ဒသမ ၈ ရာခိုင်နှုန်းသာရှိသည့် တရုတ်ကို ကျော်တက်သွားသည်။

ထို့ပြင် နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ ပထမ ၃ လပတ်တွင် အမေရိကန်ဒေါ်လာ ၁၇၆ ဒသမ ၃၅ ဘီလီယံထိမြင့်တက်လာပြီး တစ်နှစ်ထက်တစ်နှစ် ၁၄ ဒသမ ၄ ရာခိုင်နှုန်းတိုးခဲ့ကာ တရုတ်၏ ပထမ ၃ လပတ်နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ ယွမ်အားဖြင့် ၁၀ ဒသမ ၇ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။

ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် အခြားနိုင်ငံခြားပိုင်စီးပွားရေးလုပ်ငန်းများသည် ဗီယက်နမ်ဈေးကွက်သို့ ရင်းနှီးမြှုပ်နှံလာကြသည်။ ဗြိတိန်မှဆုတ်ခွါလာသော စီးပွားရေးလုပ်ငန်းရှင် လီကာရှင်းသည် ဗီယက်နမ်နိုင်ငံ၏ အခြေခံအဆောက်အအုံများတွင် ဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ဗီယက်နမ်မီဒီယာများက တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှုကို စတင်ခဲ့သည်။

ဗီယက်နမ်သည် တရုတ်၏ ခြေရာကို လိုက်ကာ ၁၉၈၆ ခုနှစ်တွင် 'Doi moi' ဟု ခေါ်သော ၎င်း၏ ကိုယ်ပိုင်စျေးကွက် ပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း နှစ်နိုင်ငံစလုံးသည် စီးပွားရေး သိသိသာသာ တိုးတက်လာသည်။

သို့သော် ၂၀၁၈ ခုနှစ်တွင် အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားမှုသည် စက်မှုကွင်းဆက်လွှဲပြောင်းမှု စတုတ္ထလှိုင်းကို အရှိန်မြင့်စေခဲ့ပြီး ဗီယက်နမ်နှင့် မက္ကဆီကိုတို့ကဲ့သို့ နိုင်ငံများသည် ကုန်သွယ်ရေးအငြင်းပွားမှုအကြား အောင်မြင်သူများအဖြစ် ပေါ်ထွက်လာခဲ့သည်။

ဗီယက်နမ်သည် အနာဂတ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှုရှိသော ဈေးကွက်တစ်ခုနှင့် ထောက်ပံ့ရေးကွင်းဆက်မျိုးစုံအတွက် ဦးတည်ရာအဖြစ် ဆက်လက်တည်ရှိနေပေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly