ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်နေချိန်တွင် တရုတ်ကာကွယ်ဆေးများ ထိရောက်မှုမရှိ

ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်နေချိန်တွင် တရုတ်ကာကွယ်ဆေးများ ထိရောက်မှုမရှိ

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာစဉ်မှာ ပြည်တွင်းဖြစ် ကာကွယ်ဆေးများမှာ ထိရောက်မှုမရှိတော့သလို ကာကွယ်ဆေးထိုးပြီးသားသူများမှာလည်း ထပ်မံကူးစက်ခံနေရသည်။

အကူညီမဲ့နေသည့် ပေကျင်းအစိုးရသည် ယခုအခါ ပြင်းထန်လှသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သတိပေးလိုက်ပြီဖြစ်ကြောင်း Asian Lite International သတင်းကဖော်ပြသည်။ ထိရောက်မှုမရှိသော ကာကွယ်ဆေးက တရုတ်နိုင်ငံကို ထိခိုက်မှုများရှိနေချိန်တွင် အိန္ဒိယတွင်မူ အောင်မြင်သော ကာကွယ်ဆေး ထိုးမှုကြောင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်နေပြီဖြစ်သည်။

အာရှနိုင်ငံကြီးများဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့သည် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်ရာတွင် အပြိုင် အဆိုင်ကြိုးပမ်းခဲ့ကြသည်။ တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမဆုံးတီထွင်နိုင်ခဲ့သည့် နိုင်ငံ ဖြစ်သော်လည်း အိန္ဒိယက ၎င်းနိုင်ငံသားများကို အသွားအလာပိတ်ဆို့မှုများနှင့် ကန့်သတ်ချက်များမှ ဖြေလျှော့ ပေးလိုက်သောကြောင့် ၎င်း၏ကာကွယ်ဆေးမှာ ကြီးကြီးမားမားအောင်မြင်မှုရခဲ့ကြောင်း သက်သေပြခဲ့သည်ဟု Asian Lite International ကဖော်ပြသည်။

ဟောင်ကောင်တက္ကသိုလ်တစ်ခု၏လေ့လာမှုက တရုတ်ကာကွယ်ဆေးများမှာ ၆၀ ရာခိုင်နှုန်းသာ ထိရောက်မှုရှိကြောင်း ဖော်ထုတ်ခဲ့သည်။ ထို့ပြင် တရုတ် Sinovac ကာကွယ်ဆေးထိုးသူများသည် ဂျာမနီထုတ် Pfizer-BioNTech ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးထိုးထားသူများနှင့် နှိုင်းယှဉ်ပါက သေဆုံးနိုင်ခြေ ၃ ဆပိုများကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု ဆိုသည်။ 

အစောပိုင်းက တရုတ်ကာကွယ်ဆေးကို ဝယ်ယူထားသည့် ဘရာဇီး၊ ဘာရိန်း၊ ယူအေအီးနှင့် အင်ဒိုနီးရှားတို့က တရုတ်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး၏ထိရောက်မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသည်။

The Lancet Infectious Diseases ဂျာနယ်တွင်ဖော်ပြခဲ့သော တရုတ်လေ့လာမှုတစ်ခုအရ တရုတ် ကာကွယ်ဆေးများသည် အိုမီခရွန်မျိုးကွဲများကို ကာကွယ်နိုင်စွမ်းမရှိဟု Asian Lite International ကဆိုသည်။

တရုတ်အာဏာပိုင်များသည် ဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချရန် အငြင်းပွားဖွယ်ရာ ကိုဗစ်လုံးဝ ကင်းစင်ရေးမူဝါဒအပါအဝင် ဖြစ်နိုင်သမျှစီမံချက်အားလုံးကို ကြိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း အချည်း နှီးဖြစ်ခဲ့သည်။ ရောဂါဖြစ်ပွားမှုနှုန်းမှာ မြင့်မားလျက်ရှိပြီး တရုတ်နိုင်ငံ၏ ပုံမှန်လူနေမှုဘဝကို ထိခိုက်စေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly