တရုတ်၏ကိုဗစ်-၁၉ ဖြစ်ပွားမှု ရှန်ကျန်းနှင့်တောင်ပိုင်းဒေသသို့ ပျံ့နှံ့နေပြီး မကာအိုတွင်လည်း သတိပေးချက်ထုတ်ပြန်ထား

တရုတ်၏ကိုဗစ်-၁၉ ဖြစ်ပွားမှု ရှန်ကျန်းနှင့်တောင်ပိုင်းဒေသသို့ ပျံ့နှံ့နေပြီး မကာအိုတွင်လည်း သတိပေးချက်ထုတ်ပြန်ထား

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ဖြစ်ပွားမှုသည် တောင်ပိုင်းကမ်းရိုးတန်းသို့ ရွေ့လျားလျက်ရှိပြီး နည်းပညာဗဟိုချက် ရှန်ကျန်းမြို့တွင်လည်း အစုလိုက်စမ်းသပ်မှုများလုပ်ဆောင်နေသလို တချို့ရပ်ကွက်များတွင်လည်း အသွားအလာ ပိတ်ဆို့ထားသည်။ ရှန်ကျန်းမှ တစ်နာရီကြာမောင်းရသည့် လောင်းကစားမြို့တော် မကာအိုတွင်လည်း ၈ လအတွင်း ပထမဆုံးရောဂါကူးစက်မှုကို ဟန့်တားရန် ကြိုးပမ်းလျက်ရှိသည်။

တရုတ်နိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် ပေကျင်းနှင့်ရှန်ဟိုင်းတွင် တင်းကျပ်သော ပိတ်ဆို့မှုများနှင့် အကြိမ်ကြိမ်စမ်းသပ်မှုများကို လပေါင်းများစွာ လုပ်ဆောင်ပြီးနောက် ကိုဗစ်ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေစဉ် နိုင်ငံတောင်ပိုင်း၌ ကူးစက်မှုအသစ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဇွန် ၂၁ ရက်က ရှန်ဟိုင်းတွင် အတည်ပြုလူနာ ၉ ဦးနှင့် ပေကျင်းတွင် ၅ ဦးရှိခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတည်ပြုလူနာ ၃၄ ဦးရှိခဲ့သည်။

iPhone ထုတ်လုပ်သည့် Hon Hai Precision Industry Co., ကဲ့သို့သော ကုမ္ပဏီများရုံးစိုက်ရာ ရှန်ကျန်းတွင် ရောဂါလက္ခဏာမပြသည့် ကူးစက်မှုတစ်ခုတွေ့ရှိပြီးနောက် ဟောင်ကောင်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ဖူကျန်းနှင့်လျူဟူခရိုင်များရှိ အိမ်ရာဝန်းပေါင်းများစွာတွင် အကန့်အသတ်ထားရှိရန် ချမှတ်ခဲ့သည်။ ရှန်ကျန်းတွင် ဒေသတွင်းကူးစက်ခံရသူ ၂ ဦးရှိခဲ့သည်။

ဟောင်ကောင်တွင်လည်း ကိုဗစ်ကူးစက်မှုဆက်လက်မြင့်တက်နေပြီး ဇွန် ၂၀ ရက်က အတည်ပြုလူနာ ၁၁၈၆ ဦးရှိခဲ့သည်။

လောင်းကစားအချက်အချာမြို့ဖြစ်သည့် မကာအိုတွင်လည်း ဇွန်လ ၂၀ ရက်က ရောဂါကူးစက်ခံထားရသူ ၃၆ ဦးတွေ့ခဲ့ပြီးနောက် ကျောင်းများနှင့် အရေးမကြီးသောလုပ်ငန်းများကိုပိတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly