ပါကစ္စတန်၏ CPEC စီမံကိန်းကို အပြီးသတ်ရန် မစွမ်းဆောင်နိုင်မှုကြောင့် တရုတ်က အလွန်အမင်း စိတ်ပျက် လာ

ပါကစ္စတန်၏ CPEC စီမံကိန်းကို အပြီးသတ်ရန် မစွမ်းဆောင်နိုင်မှုကြောင့် တရုတ်က အလွန်အမင်း စိတ်ပျက် လာ

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်နှင့် ၂၀၁၅ခုနှစ်တွင် တရားဝင် စတင်ချိတ်ဆက်သည့် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ(CPEC) အောက်ရှိ စီမံကိန်းများပြီးစီးရန် နှောင့်နှေးနေချိန်တွင် ပါကစ္စတန်၏ အားနည်းသော ပူးပေါင်းပါဝင်မှုကြောင့် တရုတ်က စိတ်ပျက်ဒေါသထွက်နေသည်။

မကြာသေးမီက CPEC အာဏာပိုင်အဖွဲ့၏ အစီရင်ခံစာတွင် ပါကစ္စတန်သည် ဂွါဒါတွင် စီမံကိန်း ၃ ခုသာ ပြီးစီးနိုင်ခဲ့သော်လည်း 'ရေပေးဝေမှုနှင့် လျှပ်စစ်ဓာတ်ကဏ္ဍအပါအဝင် ဒေါ်လာ ၂ ဘီလီယံနီးပါး တန်ဖိုးရှိသော တစ်ဒါဇင်ခန့် မပြီးစီးသေးသော စီမံကိန်းများ' ရှိနေသည့်အတွက် တရုတ်အစိုးရက ဒေါသထွက်ခဲ့ရသည်။

ယခုအခါ ပါကစ္စတန်တွင် တရုတ်က ယင်း၏ ဘဏ္ဍာရေးနှင့် လူအင်အား ရင်းနှီးမြှုပ်နှံမှုများ၏ အနာဂတ်ကို ပြန်လည်စဉ်းစားရဖွယ် ဖြစ်နေသည်။

မကြာသေးမီက တိုက်ခိုက်မှုအပြီးတွင် တရုတ်က ပါကစ္စတန်တွင် နေထိုင်သော ယင်းနိုင်ငံသားများအတွက် ပိုမိုစိုးရိမ်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာသေးမီက ကရာချိမြို့တွင် တရုတ်ဘာသာစကား ဆရာ၃ ဦး အသတ်ခံရပြီးနောက် ပါကစ္စတန်ရှိ တရုတ် အရာရှိများက အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ပါကစ္စတန်အစိုးရ၏ တရုတ်နိုင်ငံ သားများ ကို ကာကွယ်နိုင်စွမ်းမရှိမှုကို မေးခွန်းထုတ်ခဲ့သည်။

ကရာချိတက္ကသိုလ် ကျောင်းဝင်း တိုက်ခိုက်မှုသည် ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများကို တတိယမြောက် တိုက်ခိုက်မှုဖြစ်ပြီး ပါကစ္စတန်နိုင်ငံတွင်း လုံခြုံရေးထိန်းသိမ်းနိုင်စွမ်းကို မေးခွန်းထုတ်ခဲ့သည်။

ပါကစ္စတန်ဆီးနိတ်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် မူဆာဟစ် ဟူစိန်က ' တရုတ် နိုင်ငံသားများနှင့် တရုတ်စီမံကိန်းများကို ပါကစ္စ တန်၏ လုံခြုံရေးစနစ်က ကာကွယ်နိုင်မှုအပေါ် တရုတ် ယုံကြည်မှုများစွာ ကျဆင်းသွားသည်' ဟု မကြာသေးမီက မှတ်ချက်ပြုခဲ့သည်။

CPEC ပြဿနာကို နောက်ထပ် ပိုဆိုးစေသည်က ပါကစ္စတန်တွင် လည်ပတ်နေသော တရုတ်ကုမ္ပဏီ နှစ်ဒါ ဇင်ကျော်သည် ပါကစ္စတန်ရူပီး ၃၀ဝ ဘီလီယံကို ကြိုတင်ငွေပေးချေမှု မပြုလုပ်ပါက ဓာတ်အားပေးစက်ရုံများကို မေလတွင် ပိတ်ပစ်ရမည်ဖြစ်ကြောင်း မကြာသေးမီက သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly