ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပါဝင်ဆက်စပ်မှုကို မထေမဲ့မြင်ပြုခြင်းကြောင့် အရှေ့တောင်အာရှသားများက တရုတ်ကို ယုံကြည့်မှု နည်းပါးလာ

ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပါဝင်ဆက်စပ်မှုကို မထေမဲ့မြင်ပြုခြင်းကြောင့် အရှေ့တောင်အာရှသားများက တရုတ်ကို ယုံကြည့်မှု နည်းပါးလာ

ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပေါင်းစည်းမှုကို မထေမဲ့မြင်ပြုမှုကြောင့် အရှေ့တောင်အာရှသားများက တရုတ်ကို ယုံကြည်မှု နည်းပါးကြောင်း လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။

ဒေသတွင်းစီးပွားရေးအတွက် များစွာပံ့ပိုးကူညီမှုများရှိနေသော်လည်း၊ စင်ကာပူ ISEAS-Yusof Ishak Institute မှ မကြာသေးမီက ပြုလုပ်ခဲ့သော အရှေ့တောင်အာရှ အထက်တန်းလွှာများဆိုင်ရာ လေ့လာမှု တစ်ခုတွင် တရုတ်သည် အဆိုပါဒေသတွင် ယုံကြည်ခံရမှုအနည်းဆုံးနိုင်ငံဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

အလားတူ လေ့လာမှုအရ အမေရိကန်သည် ဂျပန်ပြီးလျှင် ဒုတိယယုံကြည်ရဆုံး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း စင်ကာပူပို့စ်က ဖော်ပြခဲ့သည်။

ကာလကြာရှည်စောင့်မျှော်ခဲ့ရသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အရှေ့တောင်အာရှ ခေါင်းဆောင် ၈ဦးကြား မေလက ဝါရှင်တန်တွင် ပြုလုပ်သည့် ထိပ်သီး ဆွေးနွေးပွဲက တရုတ်ကို အထူးသတိပေးခဲ့သည်။

ယခင် စီးပွားရေး ရလဒ်များ အားနည်းနေသော်လည်း အမေရိကန်က ယင်း၏ သံတမန် အဆင့်အတန်းကို “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” အဖြစ် မြှင့်တင်ရန်အတွက် အာဆီယံ၏ ကျောထောက် နောက်ခံကို ရရှိခဲ့သည်။

အခြားတစ်ဖက်တွင်မူ တရုတ်က အရှေ့တောင်အာရှနိုင်ငံများအကြား ယုံကြည်မှုကင်းမဲ့မှုကို ကာလရှည်ကြာစွာ ခံစားခဲ့ရသည်။

တရုတ်၏ ကနဦး ယူဆချက်မှာ အရှေ့တောင်အာရှနိုင်ငံများက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ယင်းတို့ ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စတေးရန် ပြင်ဆင်ထားသည်ဟု ယူဆခဲ့သည်။

တရုတ်၏ ဒေသတွင်းမူဝါဒသည် အရှေ့တောင်အာရှတွင် သံခင်း တမန်ခင်းလုပ်ဆောင်ပုံနှင့် ပတ်သက်၍ မှားယွင်းသောယူဆချက်များအပေါ် အခြေခံထားသည်။

တရုတ်အာဏာပိုင်များ သတိပြုရန်အားနည်းသည့်အချက်မှာ အရှေ့တောင်အာရှနိုင်ငံသားများသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို မစွန့်လွှတ်ဘဲ စီးပွားရေးရည်မှန်းချက်များ အောင်မြင်ရန်ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များနှင့် တရုတ်၏ ကုန်သွယ်မှုပမာဏသည် ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄၃ ဘီလီယံရှိရာမှ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၇၈ ဘီလီယံအထိ ၄ ဆနီးပါးတိုးလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly