ရှန်ဟိုင်းတွင်ချမှတ်သည့် ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှု အကျိုးဆက်ကို လူ ၂၅ သန်းခန့် ရင်ဆိုင်နေရ

ရှန်ဟိုင်းတွင်ချမှတ်သည့် ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှု အကျိုးဆက်ကို လူ ၂၅ သန်းခန့် ရင်ဆိုင်နေရ

တရုတ်သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒနှင့် ပြင်းထန်သောပိတ်ဆို့ကန့်သတ်မှုများက တရုတ်၏ ဘဏ္ဍာရေးအချက်အချာနှင့် အကြီးဆုံးမြို့ ရှန်ဟိုင်းရှိ လူပေါင်း ၂၅ သန်းခန့်ကို ထိခိုက်ခဲ့သည်။

တရုတ်ဘဏ္ဍာရေးဗဟိုဌာနနှင့် အကြီဆုံးမြို့ဖြစ်သည့် ရှန်ဟိုင်းတွင် ၂လကျော် ချမှတ် ထားသည့် အပြင်းထန် ဆုံးသော ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဇွန်လအစောပိုင်းက ကြေညာခဲ့ သည်။

အကြမ်းဖျင်းအားဖြင့် နေထိုင်သူ ၂၅ သန်းခန့်သည် နေအိမ်များတွင် အကျဉ်းသားများဖြစ်ခဲ့ကြပြီး အများစုမှာ အကြောင်းပြချက်မပေးဘဲသီးသန့်ခွဲထားရေးစခန်းများသို့ ခေါ်ဆောင်သွားခြင်း၊ ကိုဗစ်ကူးစက်ခံရသော ကလေး ငယ်များကို မိဘများနှင့် အတင်းအကျပ်ခွဲထုတ်ခြင်း၊ အချို့မှာအစာရေစာပြတ်လပ်မှုကြောင့် အစာငတ်ပြီး ဖျားနာသူများနှင့် သက်ကြီးရွယ်အိုများသည် အသက်ကယ်ဆေးကုသခွင့် ဆုံးရှုံးခဲ့ရကြောင်း Washington Times က ဖော်ပြခဲ့သည်။

စီးပွားရေး လုပ်ငန်းများ မကြာမီ ပြန်လည် စည်ကားလာနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများသည် တစ်သက်သာ အမာရွတ်အဖြစ် ကျန်ခဲ့နိုင်သည်ဟု သတင်းက ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ ရှီကျင့်ဖျင်၏ လမ်းညွှန်မှုအောက်တွင် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်မှုသည် ကိုဗစ်-၁၉ ကပ်ရောဂါကို အခွင့်ကောင်းအပြည့်ယူခဲ့သည်။ 

ရှန်ဟိုင်းပိတ်ဆို့ကန့်သတ်မှုဖွင့်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် တရုတ်၏ ဘဏ္ဍာရေးအချက်အချာ ဖြစ်သော ရှန်ဟိုင်း၌ စီးပွားရေးသမားများနှင့် ကုန်သည်များသည် လုပ်ငန်းများပြန်လည်စတင်ရန် အခက်အခဲ တွေ့နေကြဆဲဖြစ်ပြီး ဆိုင်ခန်းများအတွက်ပေးရသည့် ငှားရမ်းခများကို ကင်းလွတ်ခွင့်ပေးရန် တောင်းဆို နေကြသည်။

တရုတ်လူမှုမီဒီယာအကောင့်များ၌ လွှင့်တင်ထားသော ဗီဒီယိုများတွင် ကုန်သည်များက ငှားရမ်းခ ပြန်အမ်းပေးရန် တောင်းဆိုဆန္ဒပြနေကြသည်ကို တွေ့ရသည်။

ဗီဒီယိုများတွင် ဆန္ဒပြသူများကို အများပြည်သူလုံခြုံရေး အရာရှိ အများအပြားက နှိမ်နင်းခဲ့ကြောင်း မီဒီယာက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required