အာဖဂန်နစ္စတန်ရှိ ရှေးဟောင်းဗုဒ္ဓဘာသာမြို့သည် တရုတ်ကြေးနီ တူးဖောက်မှုများကြောင့် အပြီးတိုင် ပျောက်ကွယ် သွားမည့် အန္တရာယ်နှင့် ကြုံတွေ့နေရ

အာဖဂန်နစ္စတန်ရှိ ရှေးဟောင်းဗုဒ္ဓဘာသာမြို့သည် တရုတ်ကြေးနီ တူးဖောက်မှုများကြောင့် အပြီးတိုင် ပျောက်ကွယ် သွားမည့် အန္တရာယ်နှင့် ကြုံတွေ့နေရ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနီးရှိ ရှေးဟောင်းဗုဒ္ဓဘာသာမြို့တော်တစ်ခုသည် ထာဝရ ပျောက်ကွယ် သွားမည့် အန္တရာယ်နှင့် ကြုံတွေ့နေရပြီး ကမ္ဘာ့အကြီးဆုံး ကြေးနီသိုက်များထဲမှ တစ်ခုဖြစ်သည့် ယင်းနေရာကို တရုတ်က လက်ဝါးကြီးအုပ်သိမ်းပိုက်လျက်ရှိကြောင်း သတင်းများတွင် အရိပ်အမြွက် ဖော်ပြခဲ့သည်။

Mes Aynak သည် ဟယ်လင်နစ်နှင့် အိန္ဒိယယဉ်ကျေးမှုများဆုံရာတွင် တည်ရှိပြီး တစ်ချိန်က ကြေးနီ ထုတ်ယူမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများဖြင့် စည်ကားသော မြို့ဖြစ်သည်။

Mes Aynak နေရာသည် ဧက ၁၀ဝ ကျယ်ဝန်းပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၊ နေအိမ်များ၊ ဗုဒ္ဓရုပ်ပွားတော် ၄၀ဝ ကျော်၊ စေတီပုထိုးများနှင့် ဈေးဧရိယာများပါရှိသည်။

ယင်းနေရာတွင် ကြေးခေတ်မှ ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့ပြီး အချို့မှာ နှစ်ပေါင်း ၃၀ဝဝ ကျော် သက်တမ်း ရှိသည်။

၂၀ဝ၇ခုနှစ် နိုဝင်ဘာလတွင် ကြေးနီစီမံကိန်းအတွက် တရုတ်သတ္ထူလုပ်ငန်းအဖွဲ့(MCC) ကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖြင့် နှစ် ၃၀ အငှားချခဲ့သည်။

ဆယ့်ငါးနှစ်ကြာပြီဖြစ်သော်လည်း မတူးဖော်ရသေးဘဲ စာချုပ်တွင် ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းချက်များ နှင့် ပတ်သက်၍ တရုတ်နှင့် အာဖဂန်နစ္စတန်အကြား မယုံကြည်မှုနှင့် သဘောထားကွဲလွဲမှုများကြောင့် နှောင့်နှေးခဲ့ ရသည်။

သတင်းများအရ အဆိုပါစီမံကိန်းသည် နှစ်ဘက်စလုံးအတွက် ဦးစားပေးကိစ္စဖြစ်လာခဲ့သည်။

သမိုင်းဝင်ပစ္စည်းအားလုံးသည် မိုင်းတွင်းတူးဖော်မှုများကြောင့် ပျက်စီးလုနီးပါး ဖြစ်နေသည်။

ကျွမ်းကျင်သူ များက တရုတ်သတ္ထုတူးဖော်ရေးကုမ္ပဏီအား ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခဲ့သူများနှင့် နှိုင်းယှဉ်နေသည်။

Mes Aynak Logar ကြေးနီစီမံကိန်းကို ပြန်လည်စတင်ရန် တရုတ်က စီစဉ်နေသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required