ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဝါယာကြိုးဖြတ်ခိုးသူများ သောင်းကျန်းနေ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဝါယာကြိုးဖြတ်ခိုးသူများ သောင်းကျန်းနေ

ဇွန် ၂၆

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မြောက်ဒဂုံမြို့နယ်များတွင် နေအိမ်နှင့် မီးတိုင်သွယ် တန်းထားသည့် လျှပ်စစ်ဝါယာကြိုးများ ဖြတ်ပြီးခိုးယူမှုများသောင်းကျန်းနေကြောင်း သိရသည်။

“ ဒီနေ့မနက်  ၄ နာရီခွဲလောက်မှာ ကျွန်တော်တို့အိမ်က မီးကြိုးကိုဖြတ်ပြီးခိုးသွားတာ။ ကံကောင်းလို့ ပါ တော့ ပါမသွားဘူး။ ကြိုးနှစ်စမှာ တစ်ကြိုးကိုဖြတ်ပြီးနေပြီ နောက်တစ်စကိုဖြတ်တဲ့အချိန်မှာ ဘေးအိမ် ကတွေ့သွားပြီးအော်လို့ ထွက်ပြေးသွားကြတယ်။ ပေ ၁၀၀ လောက်ဖြတ်ထားကြပြီးပြီ” ဟု ရွှေပြည်သာ မြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

အဆိုပါ ခိုးယူရန်ဖြတ်တောက်ထားသည့်မီးကြိုးများမှာ တစ်ပေလျှင် ၆,၀၀၀ နီးပါးတန်ကြေးရှိကြောင်း လည်းသိရသည်။

အလားတူပင် မြောက်ဒဂုံမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းတစ်ခုတွင်လည်း လျှပ်စစ်ဝါယာကြိုးဖြတ် တောက်ခိုးယူမှုခြင်းခံခဲ့ရကြောင်း သိရသည်။

“ ကျွန်မတို့နေတဲ့ကျောင်းဆိုရင် လမ်းမကြီးနဲ့နီးတယ် လူလည်းသိပ်မပြတ်ဘူး။ အဲဒါကို ကျောင်းဆောင်နဲ့ မီးတိုင်ကို သွယ်ထားတဲ့မီးကြိုးတွေကို အားလုံးဖြတ်ပြီးခိုးသွားတယ်။ သိန်း ၃၀ ကျော်ဖိုးလောက်ရှိမယ်။ ဘေးနားကအိမ်တွေလည်း မီးကြိုးတွေခဏခဏခိုးခံနေရတယ်”ဟု မြောက်ဒဂုံမြို့သစ်တွင် နေထိုင်သည့် အမျိုးသမီးထံမှသိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များအား လျှပ်စစ်မီးများ အချိန်တိုးမြှင့်ပေးထားပြီး ယခင်က နံနက် ၅ နာရီ အထိသာမီးပေးခဲ့သော်လည်း ယခုအခါ နံနက် ၈ နာရီအထိ မီးပေးထားကာ ကျန်အချိန်များ တွင် ပုံမှန်အတိုင်းမီးပျက်နေဆဲဖြစ်သည်။
#Mizzima
#ရန်ကုန်
#ရွှေပြည်သာ
#မြောက်ဒဂုံ
#ဝါယာကြိုးဖြတ်ခိုး
#သောင်းကျန်း
#ခိုးယူမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required