သာကေတ (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ထပ်မံ တိုက်ခိုက်ရသော်လည်း ပေါက်ကွဲမှုမဖြစ်

သာကေတ (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ထပ်မံ တိုက်ခိုက်ရသော်လည်း ပေါက်ကွဲမှုမဖြစ်

ဇွန်လ ၂၅ ရက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ( ၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဇွန်လ၂၄ရက်နေ့ ညပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သော်လည်း ပစ္စည်း ချို့ယွင်းမှု (Error ) ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခြင်း မရှိကြောင်း သိရသည်။

"ဖြစ်စဉ်ကတော့ အကုန်လုံး အမှားအယွင်းမရှိမှန်ပေမယ့်ပစ္စည်းက Error(ချို့ယွင်းမှု) ဖြစ်ပြီး မပေါက်သွားတာ။ ပစ်တာကအစ သေချာပစ်မှတ်ကိုကွက်တိရောက်တယ်။ ပစ္စည်း မပေါက်ဘဲ ပြဿနာဖြစ်သွားတာ"ဟု Thaketa Urban Guerrilla Force အဖွဲ့တာဝန်ရှိသူကပြောသည်။

ယခုအကြိမ်သည် အုပ်ချုပ်ရေးမှူးရုံးအား ဒုတိယအကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly