ဘင်္ဂလားဒေ့ရှ်၏ ပါဒမာတံတားသစ်က စစ်မှန်သော အပြောင်းအလဲတစ်ခုဟု ရုရှား ချီးမွမ်း

By Financial Express
24 June 2022
ဘင်္ဂလားဒေ့ရှ်၏ ပါဒမာတံတားသစ်က စစ်မှန်သော အပြောင်းအလဲတစ်ခုဟု ရုရှား ချီးမွမ်း

ဘင်္ဂလားဒေ့ရှ်၏ ပါဒမာတံတားသည် ဒေသတွင်းကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ၊ ချိတ်ဆက်မှု၊ အလုပ်အကိုင်၊ ခရီးသွားလုပ်ငန်းနှင့် အခြားနယ်ပယ်များစွာတွင် အခွင့်အလမ်းများစွာကို ပေးစွမ်းနိုင်သောကြောင့် စစ်မှန်သော အပြောင်းအလဲတစ်ခုဖြစ်ကြောင်း ရုရှားက ဇွန် ၂၀ ရက်က ပြောသည်။

တံတားသည် နိုင်ငံတော်၏ ဂျီဒီပီတိုးတက်မှုကို များစွာ အထောက်အကူပြုမည်ဖြစ်သလို ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်းဒေသများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိလိမ့်မည်မှာ သံသယ ဖြစ်စရာ မလိုကြောင်း တံတားဖွင့်ပွဲနှင့် ပတ်သက်ပြီး ဒါကာမြို့ရှိ ရုရှားသံရုံးက မှတ်ချက်ပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရနှင့်ဘင်္ဂလားဒေ့ရှ် ပြည်သူများအား ဂုဏ်ပြုကြောင်းနှင့် ဤရည်မှန်းချက်ကြီးမားလှသော စီမံကိန်းကြီးအား ဘင်္ဂလားဒေ့ရှ်၏ကိုယ်ပိုင်အရင်းအမြစ်များဖြင့် လုံးလုံးလျားလျား ရန်ပုံငွေပံ့ပိုးထားခြင်းမှာ ချီးမွမ်းထိုက်ကြောင်း ဘက်စုံသုံး ပါဒမာတံတားဖွင့်ပွဲတွင် ရုရှားဖက်ဒရေးရှင်းသံရုံးမှ ပြောကြားခဲ့သည်။

'ပါဒမာ တံတားတည်ဆောက်မှုသည် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာတို့၏ အမြော် အမြင်ကြီးမားသော မျှော်မှန်းချက်ဖြင့် ဖြစ်လာသော အထင်ကရ အောင်မြင်မှုတစ်ခုဖြစ်သည်” ဟုဆိုသည်။

ရှိတ်ခ်ဟာစီနာ၏ဖခင်ဖြစ်သူ ဘန်ဂါဘန်ဒူ ရှိတ်ခ်မူဂျီဘာရာမန် တန်ဖိုးထားသော နိုင်ငံ၏အိမ်မက်မှာ ကျွန်ုပ်တို့မျက်စိရှေ့မှောက်တွင် အမှန်တကယ်ဖြစ်လာပြီဟု ရုရှားသုရုံးထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်းအပါအဝင် အခြားကြီးမားသောပရောဂျက်များကို အကောင်အထည်ဖော်ခြင်းက ဘင်္ဂလားဒေ့ရှ်၏ အောင်မြင်သော ဖွံ့ဖြိုးတိုးတက်မှု၊ ၎င်း၏ပြည်သူများ သာယာဝပြောရေးနှင့်ကောင်းစားရေးတို့အတွက် မလွဲဧကန် အထောက်အကူဖြစ်စေမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly