အီမရန် ခန်း၏ အမေရိကန်ဆန့်ကျင်ရေး ပြောစကားများက ပါကစ္စတန်နှင့် အနောက်အုပ်စုအကြား ဆက်ဆံရေးကို ထိခိုက်စေ

By Zee5
24 June 2022
အီမရန် ခန်း၏ အမေရိကန်ဆန့်ကျင်ရေး ပြောစကားများက ပါကစ္စတန်နှင့် အနောက်အုပ်စုအကြား ဆက်ဆံရေးကို ထိခိုက်စေ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း၏ အမေရိကန် ဆန့်ကျင်ရေး ပြောစကားများနှင့် ၎င်းကို ရာထူးမှ ဖယ်ရှားရန် လျှို့ဝှက်ပူးပေါင်းကြံစည်မှု၌ အမေရိကန်လည်း ပါဝင်ခဲ့သည် ဆိုပြီး စွပ်စွဲပြောဆိုမှုများက ပါကစ္စတန်နိုင်ငံ၏ အနောက်အုပ်စုနှင့်အကြား ဆက်ဆံရေးကို ထိခိုက်စေလျက် ရှိကြောင်း အကဲခတ်တစ်ဦးက ပြောသည်။

ပါကစ္စတန်၏ စီးပွားရေးသည် ကြီးမားသော စိန်ခေါ်မှုတစ်ခုနှင့် ရင်ဆိုင်နေရသလို ယင်းနိုင်ငံသည် မကြာခဏဆိုသလို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ် (World Bank) အပါအဝင် အနောက်အုပ်စု ဦးဆောင်သော ဘက်ပေါင်းစုံ ဘဏ္ဍာရေး အင်စတီကျူးရှင်းများကို မှီခိုနေရသည်။

ပါကစ္စတန်၏ စီးပွားရေး ဒုက္ခသုက္ခများအရ ယင်းနိုင်ငံအနေဖြင့် အနောက်အုပ်စု နိုင်ငံများနှင့် ဆက်ဆံရေးကို ပြုပြင်သင့်သည် ဆိုသည်ကို ဆုံးဖြတ်ပေးနေသည်။

အီမရန် ခန်းသည် နိုင်ငံ စီးပွားရေးအတွက် အကူအညီ ရရှိနိုင်ရန် ဝါရှင်တန်အခြေစိုက် IMF ထံ အားကိုး မှီခို ထားခဲ့ရသလို IMF သည် ၁၉၅၈ ခုနှစ်နောက်ပိုင်း ပါကစ္စတန်ထံ ငွေကြေးအကျပ်အတည်းမှ ကယ်တင် ပေးမှုအစီအစဉ် ၂၂ ခုကို ထောက်ပံ့ပေးထားခဲ့ကြောင်း The Hill က ဖော်ပြသည်။

ကြွေးပေးဆပ်ရန် ပျက်ကွက်မှု ဖြစ်တော့မည့်ဆဲဆဲ အခြေအနေတွင် ပါကစ္စတန်အနေဖြင့် မကြာမီ ပေးဆပ်ရတော့မည့် ချေးငွေများကို ပြန်ဆပ်နိုင်ရန်နှင့် ကြွေးမြီကင်းရှင်းနိုင်စေရန် ရှေ့နှစ်တွင် ဒေါ်လာ ၄၁ ဘီလီယံ ရရှိရန် လိုအပ်နေသည်။

ယင်းနိုင်ငံ၏ စီးပွားရေးသည် IMF ထံမှ အသက်ကယ် အထောက်အပံ့အပေါ် မှီခိုနေရဆဲဖြစ်သည်။

လက်ရှိတွင် ရုရှားသည် ပါကစ္စတန်ကို အကူအညီပေးမည့် အနေအထားတွင် ရှိမနေသလို တရုတ်သည်လည်း စောင့်ဆိုင်းကြည့်ရှုသည့် လုပ်နည်းကိုင်နည်းကိုသာ ကိုင်ဆွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required