တိဗက်ဗုဒ္ဓဘာသာအဖွဲ့အစည်းများအား ဖြိုခွင်းမှုကို ကန့်ကွက်သည့်အနေဖြင့် တိဗက် ဘုန်းတော်ကြီး တစ်ပါး မိမိကိုယ်ကို မီးရှို့သတ်သေ

By Phayul Newsdesk
24 June 2022
တိဗက်ဗုဒ္ဓဘာသာအဖွဲ့အစည်းများအား ဖြိုခွင်းမှုကို ကန့်ကွက်သည့်အနေဖြင့် တိဗက် ဘုန်းတော်ကြီး တစ်ပါး မိမိကိုယ်ကို မီးရှို့သတ်သေ

အစဉ်အလာအရ အမ်ဒိုပြည်နယ်ဟု ခေါ်သည့် ဂန်စုပြည်နယ် ခန်ဟို တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် တိဗက်ဗုဒ္ဓဘာသာအဖွဲ့အစည်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖြိုခွင်းမှုအား ကန့်ကွက်သည့်အနေဖြင့် အဝေးရောက် ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ပုံတူရုပ်ပုံရှေ့တွင် တိဗက်ဘုန်းတော်ကြီး တစ်ပါးက မိမိကိုယ်ကို မီးရှို့ခဲ့သည်။

ဒါရမ်ရှလာအခြေစိုက် တိဗက်လူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်စင်တာ၏ အစီရင်ခံစာတွင် ကွယ်လွန်ချိန်တွင် 'ဘုန်းတော်ကြီးသည် တီစိုမြို့၏ စီရင်ပိုင်ခွင့်အောက်တွင်ရှိသော ခါဂျယ်မြို့နယ်ရှိ နေထိုင်ရာ တရားထိုင်ရာ ချောင်တစ်ခုတွင်သီတင်းသုံးနေသည်'ဟု ဖော်ပြခဲ့သည်။

ခန်ဟိုစီရင်စု၏ အုပ်ချုပ်ရေးမှူးနှင့် ပါတီလက်ထောက် အတွင်းရေးမှူး ယန်ဝူသည် ဘုန်းကြီးကျောင်းများနှင့် ဘုန်းကြီးများတရားထိုင်သည့် ချောင်များကို တင်းကျပ်စွာထိန်းချုပ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သူ ဖြစ်သည်။

ကွယ်လွန်သူ ဘုန်းတော်ကြီး၏မိသားစုအား တီစိုမြို့သို့ ခေါ်ဆောင်သွားပြီး ကိုဗစ်-၁၉ ကာကွယ်ရေး အစီ အမံများကို အကြောင်းပြ၍ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်း အဝေးရောက် သတင်း ရင်းမြစ်များကို ကိုးကား၍ သုတေသနအဖွဲ့က ဖော်ပြခဲ့သည်။

'ဆွေမျိုးသားချင်းတွေထဲက တစ်ဦးက တရုတ်မြို့တစ်မြို့မှာ ကျပန်းအလုပ်သမားအဖြစ် လုပ်ကိုင်နေတာကနေ ပြန်လာတဲ့အတွက် သူတို့မှာ ကိုဗစ်ကူးစက်ခံရနိုင်ချေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီး ထိန်းသိမ်း ထားတာပါ' ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

“ချောင်တစ်ခုတွင် တရားထိုင်ခြင်းသည် မြတ်ဗုဒ္ဓ၏ နက်နဲသော အလေ့အကျင့်တစ်ခုဖြစ်ပြီး ကျင့်ကြံသူများ သည် သမာဓိရရှိစေရန်နှင့် အာရုံပျံ့လွင့်မှ ကင်းစင်ကာ စိတ်ကို နက်နက်ရှိုင်းရှိုင်းတည်ငြိမ်လာစေသည့် ကျင့်စဉ်တစ်ခုဖြစ်သည်။” ဟု TCHRD သုတေသီ နီဝိုး က တရုတ်အစိုးရကို ရှုတ်ချရင်း ပြောကြားခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့က တိဘက်ဘာသာရေးအသိုက်အဝန်းအပေါ် ဖြိုခွဲမှုကို ရှုတ်ချလိုက်ပြီး ဘုန်းတော်ကြီး သေဆုံးမှုနှင့်ပတ်သက်၍ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly