ကိုဗစ် ကန့်သတ်ချက်များကို ဖြေလျှော့ပေးရေး ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို တရုတ်အစိုးရ လက်ခံ

ကိုဗစ် ကန့်သတ်ချက်များကို ဖြေလျှော့ပေးရေး ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို တရုတ်အစိုးရ လက်ခံ

တရုတ်တွင် ရှန်ဟိုင်း-ခန်ရှန်အကြားသွားလာရေးအစီအစဉ်များ ပြန်လည်စတင်ရေးအတွက် ကိုဗစ်ကန့် သတ်ချက်များကို ဖြေလျှော့ပေးရန် ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို တရုတ်အာဏာပိုင်များက ဇွန် ၂၀ရက်တွင် သဘောတူညီ လိုက်သည်။

ရှန်ဟိုင်းနယ်နိမိတ်ချင်းထိစပ်နေသော ကျန်းစုပြည်နယ်တွင် ရှန်ဟိုင်း-ခန်ရှန်ကြား သွားလာမှု ပြန်လည် စတင်ရန် ဇွန် ၁၈ ရက်က တောင်းဆို ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

ဗီဒီယိုများတွင် သွားလာရေးအစီအစဉ်များ ပြန်လည်စတင်ရန်အပြင် ပိတ်ဆို့မှုများကို ပြန်ဖွင့်ပေးရန် တောင်းဆို နေသည့် ဆန္ဒပြသူများကိုလည်း တွေ့မြင်ရသည်။

ရှန်ဟိုင်းနှင့် ခန်ရှန်ကြားက အများပြည်သူသယ်ယူပို့ဆောင်ရေးက မြို့နှစ်မြို့တွင် ပိတ်လိုက်သဖြင့် မြို့များအကြား သွားလာရေး အဆင်မပြေခြင်းကြောင့် ဆန္ဒပြသူများက ဒေါသထွက်ခဲ့ကြသည်။

လူအများစုသည် လူများသည့် နေထိုင်သည့်မြို့နှင့် အလုပ်လုပ်သည့်မြို့မတူခြင်းကြောင့် မြို့နှစ်မြို့အကြား ရထားဖြင့် သွားလာကြရသည်။

ဆန္ဒပြပွဲများကို နှိမ်နင်းရန် ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ချထားပြီး လူအများအပြားကိုလည်း ခေါ်ယူ သွားကြကြောင်း အခြားဗီဒီယိုတွင် ဖော်ပြနေသည်။

ဆန္ဒပြပွဲများအပြီးတွင် တရုတ်အာဏာပိုင်များက ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို လက်ခံခဲ့ပြီး ရှန်ဟိုင်း ခန်ရှန်ကြား ရထားပြေးဆွဲမှုကို ယနေ့မှစ၍ ပြန်လည်စတင်ရန် အမိန့်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required