တရုတ်ကမ်းရိုးတန်းမြို့တွင် ကျင်းပမည့် ကွန်မြူနစ်ပါတီ၏ အရေးကြီးသော အစည်းအဝေးမတိုင်မီ Tesla ကားဝင်ရောက်မှု တားမြစ်

တရုတ်ကမ်းရိုးတန်းမြို့တွင် ကျင်းပမည့် ကွန်မြူနစ်ပါတီ၏ အရေးကြီးသော အစည်းအဝေးမတိုင်မီ Tesla ကားဝင်ရောက်မှု တားမြစ်

တရုတ်ခေါင်းဆောင်များ၏ အရေးပါသောနှစ်ပတ်လည်အစည်းအဝေးကျင်းပရာ ပေတိုင်ဟဲ ကမ်းရိုးတန်းမြို့သို့ Tesla ကားများဝင်ရောက်ခြင်းကို တားမြစ်ထားသည်။

ယင်းအစည်းအဝေးကို ဇူလိုင် ၁ ရက်မှစ၍ ၂ လကြာကျင်းပသွားမည်ဖြစ်သည်။

အဆိုပါသတင်းကို ပေတိုင်ဟဲ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့ပြီး မကြာမီ တရားဝင်ထုတ်ပြန်မည်ဟု ဗြိတိန်အခြေစိုက်မီဒီယာ South China Morning Post ကဖော်ပြသည်။

ပေတိုင်ဟဲ ခေါ် နွေရာသီ ထိပ်သီးအစည်းအဝေးကို ဟဲပေပြည်နယ် အပန်းဖြေမြို့တွင် နှစ်စဉ် ကျင်းပလေ့ရှိပြီး အစောပိုင်း မျိုးဆက်များမှ တရုတ်ခေါင်းဆောင်များသည် အဓိကပြည်တွင်းရေးကိစ္စများနှင့်ပတ်သက်၍ တံခါးပိတ်အစည်းအဝေးကျင်းပရန် အလွတ်သဘောတွေ့ဆုံကြခြင်းဖြစ်သည်ဟု South China Morning Post က ဖော်ပြသည်။

နွေရာသီထိပ်သီးအစည်းအဝေးကျင်းပစဉ် နိုင်ငံအတွင်း သူလျှိုလုပ်ရာတွင် အထောက်အကူဖြစ်စေသော ကားပေါ်တပ်ထားသည့် ကင်မရာများနှင့်ပတ်သက်၍ လုံခြုံရေးစိုးရိမ်လာပြီးနောက် Tesla ကားများကို တားမြစ်လာခြင်းဖြစ်သည်။

Tesla ၏တတိယမြောက်မော်ဒယ်တွင် ကင်မရာရှစ်လုံးနှင့်မီလီမီတာလှိုင်းရေဒါ နှင့် အာရုံခံကိရိယာ ၁၂ ခုပါရှိသည်။

မကြာသေးမီက ချန်ဒူတွင် သမ္မတရှီကျင့်ဖျင်လမ်းကြောင်းရှိချိန်၌ Tesla ကားများကို လမ်းလွှဲပေးခဲ့သည်။ မနှစ်ကလည်း တရုတ်စစ်တပ်က ၎င်းပရဝုဏ်အတွင်းသို့ Tesla ကား ဝင်ရောက်ခြင်းကို တားမြစ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly