ဒွန်ဘတ်စ်ဒေသ တိုက်ပွဲက ‘ကြောက်မက်ဖွယ် အထွဋ်အထိပ်’သို့ ရောက်ရှိနေသည်ဟု ယူကရိန်း ပြော 

ဒွန်ဘတ်စ်ဒေသ တိုက်ပွဲက ‘ကြောက်မက်ဖွယ် အထွဋ်အထိပ်’သို့ ရောက်ရှိနေသည်ဟု ယူကရိန်း ပြော 

ဇွန် ၂၃

ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ပြီး ရုရှက အကြီးစား လေကြောင်းထိုးစစ်နှင့် လက်နက်ကြီးတိုက်ခိုက်မှုများကို ဆင်နွှဲနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောပြီး စစ်မြေပြင်တွင် ရုရှနှင့် ယှဉ်ပြိုင်နိုင်ရန် အကြီးစားလက်နက်များ ပေးပို့မှုကို အရှိန်မြှင့် လုပ်ဆောင်ပေးရန် ယူကရိန်း မဟာမိတ်များအား တိုက်တွန်းပြောဆိုသည်။ 

ယူကရိန်း လူးဟန့်စ်ခ်ဒေသက ဆီဗာရိုဒွန်နက်စ်နှင့် လိုင်ဆိုင်ချန်စ် အမြွှာမြို့နှစ်မြို့က တိုက်ခိုက်မှုများသည် “ကြောက်မက်ဖွယ် အထွဋ်အထိပ်”သို့ ရောက်ရှိလာနေကြောင်း ဇယ်လန်စကီး၏ အကြံပေး အိုလက်စေး အာရစ်တိုဗစ်ရှ်က ပြောည်။ ယူကရိန်းနိုင်ငံ၏ စက်မှုအချက်အချာဖြစ်သော ဒွန်ဘတ်စ်ဒေသဖြစ်သည့် လူးဟန့်စ်ခ်နှင့် ဒွန်နက်စ်တို့ကို သိမ်းပိုက်နိုင်ရေးအတွက် ရုရှက ကြိုးပမ်းနေခြင်း ဖြစ်သည်။ 

သံခင်းတမန်ခင်း မျက်နှာစာဘက်တွင်မူ ယူကရိန်းအား အီးယူအဖွဲ့ဝင်ဖြစ်ရေးအတွက် ကြာသပတေးနေ့တွင် ဘရပ်ဆဲလ်က ထိပ်သီးအစည်းအဝေးတစ်ရပ်၌ ဥရောပခေါင်းဆောင်များက တရားဝင်ဖော်ဆောင်ကြမည် ဖြစ်သည်။ ယင်းကြောင့် လူထောင်ပေါင်းများစွာ သေဆုံးပြီး သန်းပေါင်းများစွာ အိုးအိမ်စွန့်ရကာ မြို့များ ပျက်စီးရသည့် စစ်ပွဲ လေးလတာ၌ စိတ်ဓာတ်ရေးရာ တက်ကြွစရာ ဖြစ်မည်ဖြစ်သည်။ 

“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ မြေကို လွတ်မြောက်စေပြီး အောင်ပွဲ ဆောင်ကြဉ်းနိုင်ရမယ်၊ ဒါပေမဲ့ ပိုပြီး မြန်ဆန်ဖို့လိုတယ်၊ တော်တော်လေး မြန်ဆန်မှ ဖြစ်မယ်”ဟု ဇယ်လန်စကီးက ကြာသပတေးနေ့ အစောပိုင်း ဗီဒီယိုမိန့်ခွန်းတွင် ယူကရိန်းက လက်နက်ကြီးများ အားချင်းလိုအပ်နေသည်ကို ထပ်လောင်းပြောဆိုသည်။ 

“ဒွန်ဘတ်စ်မှာ အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရင်ဆိုင်နေရတယ်၊ ကျူးကျော်သူတွေရဲ့ ရည်မှန်းချက်က မပြောင်းလဲဘူး၊ သူတို့ဟာ ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကို တစ်ဆင့်ချင်း ဖျက်ဆီးပစ်ချင်နေတာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

“ဒါကြောင့် ယူကရိန်းဆီကို လက်နက်တွေ အရှိန်မြှင့် ပေးပို့ဖို့ ကျွန်တော်တို့ ထပ်ကာထပ်ကာ အလေးထား ပြောနေရတာပဲ၊ အလွန်ဆိုးယုတ်တဲ့ စစ်ကြောင်းထိုးမှုကို ရပ်တန့်အောင်နဲ့ ယူကရိန်းနယ်စ်တွေရဲ့ အလွန်ကို မောင်းထုတ်နိုင်ဖို့ စစ်ပွဲမြေပြင်မှာ ဖက်ပြိုင်နိုင်တဲ့ အင်အားကို အမြန်အဆန် လိုအပ်နေတာပဲ ဖြစ်တယ်”ဟု ဇယ်လန်စကီးက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly