ပါကစ္စတန်၏ အစိုးရကြွေးမြီက ရူပီး ၄၄ ထရီလီယံ ကျော်လွန်လာ

ပါကစ္စတန်၏ အစိုးရကြွေးမြီက ရူပီး ၄၄ ထရီလီယံ ကျော်လွန်လာ

ပါကစ္စတန်နိုင်ငံ၏ အစိုးရကြွေးမြီစုစုပေါင်းပမာဏသည် ၂၀၂၂ ခုနှစ် မတ်လကုန်အရောက်တွင် ရူပီး ၄၄၃၆၆ ဘီလီယံအထိ ရှိနေခဲ့ပြီး ယင်းသည် ကုန်ဆုံးတော့မည့် ဘဏ္ဍာနှစ်၏ ပထမ ၉ လတာအတွင်း ရူပီး ၄၅၀၀ ဘီလီယံ ထပ်တိုးလာခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန် စီးပွားရေးစစ်တမ်း ၂၀၂၁-၂၂ က ဖော်ပြသည်။

ထိုစစ်တမ်းကို ပြီးခဲ့သည့် ဇွန် ၉ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံ၏ စုစုပေါင်း ပြည်ပကြွေးမြီပမာဏသည် ၂၀၂၂ ခုနှစ် မတ်လကုန်တွင် အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၈ ဘီလီယံ (ပါကစ္စတန်ရူပီး ၁၆ ဒသမ ၂၉ ထရီလီယံ) အထိ ရောက်ရှိနေခဲ့ပြီး ယင်းသည် ကုန်ဆုံးတော့မည့် ဘဏ္ဍာနှစ်၏ ပထမကိုးလတာအတွင်း ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံခန့် ထပ်တိုးခဲ့ခြင်းဖြစ်သည်ဟု စစ်တမ်းက ဖော်ပြနေကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အသားတင် ထပ်တိုးခဲ့သည့် ရူပီး ၄၅၀၀ ဘီလီယံပမာဏထဲတွင် လက်ရှိဘဏ္ဍာနှစ်၏ ဘဏ္ဍာရေးလိုငွေနှင့် ယခင်ချေးငွေများအတွက် အတိုးနှုန်းပေးချေမှုအကြား ခြားနားချက်ပမာဏ ရူပီး ၁၀၄၇ ဘီလီယံ၊ အတိုးနှုန်းပေးချေရမှုပမာဏ ရူပီး ၂၁၁၈ ထရီလီယံ၊ ငွေတန်ဖိုးလျော့ကျမှုပမာဏ ရူပီး ၁၇၄၄ ဘီလီယံနှင့် အစိုးရ၏ လက်ကျန်ငွေပိုင်းတွင် လျော့ကျမှုပမာဏ ရူပီး ၄၀၉ ဘီလီယံတို့ ဖြစ်ကြောင်း သတင်းစာက ဖော်ပြသည်။

ဘက်ပေါင်းစုံနှင့် နှစ်ဦးနှစ်ဖက်ပါဝင်သော ရင်းမြစ်များမှ ရယူထားခဲ့ပြီး အများအားဖြင့် လျှော့ပေါ့ခွင့်ပေးထားသော သတ်မှတ်ချက်များ (စရိတ်စကနည်းပါးမှုနှင့် သက်တမ်းကာလရှည်ခြင်း) ဖြင့် ချုပ်ဆိုရယူထားသည့် ကြွေးမြီများသည် အသားတင် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ မြင့်တက်ခဲ့သည်။

နိုင်ငံတကာဖွံ့ဖြိုးရေးဘဏ်သည် ဒေါ်လာ ၀ ဒသမ ၈ ဘီလီယံ ထောက်ပံ့ပေးခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

အခြားသော ဒေါ်လာ ၃ ဘီလီယံကို အချိန်ပိုင်းအပ်ငွေ ပုံစံဖြင့် ဆော်ဒီအစိုးရက ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly